Mobile, Review

Nokia Lumia 1320 Review

Nokia က Lumia 1520 ရဲ့ စျေးသက်သာတဲ့ အမျိုးအစားဖြစ်တဲ့ Lumia 1320 ကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ ခြောက်လက်မ အရွယ် ဖုန်းတွေဖြစ်ပါတယ်။ Windows Phone OS ကိုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။

ဒီဇိုင်း
Lumia 1320 ဟာ ခြောက်လက်မအရွယ် Phablet အမျိုးအစားဖြစ်ပါတယ်။ အရွယ်အစားကြီးမားပေမယ့် လက်ထဲမှာ သက်တောင့်သက်သာနဲ့ အသုံးပြုနိုင်သလို လေးလံတယ်လို့မထင်ရဘဲ ပေါ့ပါးပါတယ်။ အလေးချိန်က ၂၂၀ ဂရမ် ဖြစ်ပါတယ်။ အစွန်းဘက်ထောင့်ချိုးတွေကို ကွေးကောက်လုံး၀န်းအောင်ပြုလုပ်ထားပါတယ်။ အရွယ်အစားအပြည့်အစုံက 164.2×85.9×9.8mm ဖြစ်တဲ့အတွက် ၆.၄ လက်မအရွယ်ရှိပါတယ်။

မျက်နှာပြင်
ခြောက်လက်မ အရွယ် 1280x720p Display ကိုတပ်ဆင်ထားပါတယ်။ တစ်လက်မ ကို Pixel သိပ်သည်းဆ ၂၄၅ ဖြစ်ပါတယ်။ ရုပ်ထွက်တွေက ကောင်းမွန်ပြီး အရောင်မျိုးစုံကို ပြသပေးနိုင်ပါတယ်။ စျေးသက်သာတဲ့ ဖုန်း တွေနဲ့ယှဉ်ရင် သင့်တင့်တဲ့ Display ကိုပိုင်ဆိုင်ထားပါတယ်။

Processor
စျေးသက်သာအောင်ပြုလုပ်ပေးထားလို့ Lumia 1520 ရဲ့ Quad-Core Processor ကို အသုံးပြုထားခြင်းမရှိပါဘူး။ Qualcomm Dual-Core 1.7GHz Snapdragon S4 Processor ကို အသုံးပြုထားပါတယ်။

ကင်မရာ
5 Megapixel Camera တပ်ဆင်ထားတဲ့အတွက် ဒီနေ့ခေတ် ဖုန်းတွေနဲ့ယှဉ်ရင် အားနည်းတယ်လို့ပြောလို့ရပါတယ်။ သင့်တင့်တဲ့ ဓါတ်ပုံ အရည်အသွေးကို ရရှိမှာဖြစ်ပြီး Nokia ရဲ့ Smart Camera Apps တွေပါရှိပါတယ်။

Camera App မှာ Smart , Pro , Video စတဲ့ Modes တွေကို App ရဲ့ Main Screen ကနေ အသုံးပြုနိုင်ပါတယ်။ Sports Mode, Night Mode တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။ Lumia 1020 ရဲ့ Camera UI ပါတဲ့အတွက် Settings အားလုံးကို Slider Control ကနေ ချိန်ညှိနိုင်ပါတယ်။ Pro Mode က ဓါတ်ပုံ မရိုက်ခင် Zoom In ပြုလုပ်နိုင်ပြီး ဓါတ်ပုံရိုက်ပြီး မှ Zoom Out ပြန်လုပ်နိုင်ပါတယ်။

Nokia ရဲ့ HERE Maps နဲ့ PureView တို့လည်းပါရှိပြီး Storyteller ပြုလုပ်နိုင်ပါတယ်။ Storyteller က ဓါတ်ပုံတွေကို မြေပုံနဲ့ တွဲဖက်မှတ်သားနိုင်ပြီး ပုံတွေရှာချင်တဲ့အခါ မြေပုံကို အသုံးပြုနိုင်ပါတယ်။ အားလပ်ရက် အပန်းဖြေ ခရီးထွက်တဲ့အခါမှာ နေရာ ဒေသနဲ့ အမှတ်တရ ပုံများကိုတွဲဖက် မှတ်သားနိုင်ဖို့ ရည်ရွယ်ပြုလုပ်ပေးထားပါတယ်။ ဓါတ်ပုံတွေကို Vine, Instagram တို့မှာ Share လုပ်နိုင်ပါတယ်။

Memory
1GB RAM ပါရှိပြီး Internal Storage 8GB ပါရှိပါတယ်။ MicroSD Card ပါရှိပြီး 64GB အထိအသုံးပြုနိုင်ပါတယ်။

OS
Windows Phone 8 ကို အသုံးပြုထားပြီး Home Screen မှာ Tiles ခြောက်ခုကိုပြထားပေးပါတယ်။ အသုံးပြုချင်တဲ့ App ကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ Driving Mode ပါရှိပြီး ကားမောင်းတဲ့အချိန်မှာ ၀င်လာတဲ့ Messages, Calls တွေကို ရပ်ထားပေးနိုင်ပါတယ်။ App တစ်ခုထက်ပို အသုံးပြုနိုင်တဲ့ အတွက် Multi-tasking ပြုလုပ်ဖို့အဆင်ပြေပါတယ်။ App တစ်ခုကို သီးသန့်ပိတ်နိုင်သလို App အများကြီးကိုတစ်ခါထဲပိတ်နိုင်ပါတယ်။ အရင် Windows Phone OS တွေမှာတော့ တစ်ကြိမ်မှာ App တစ်ခုကို ပဲပိတ်နိုင်ပါတယ်။

Internet Connection ကို Share လုပ်နိုင်ပါတယ်။ Windows 8.1 Device တွေနဲ့ Pair လုပ်ထားနိုင်ပြီး တစ်ခါ Pair လုပ်ထားရင် အင်တာနက် မျှဝေသုံးဖို့အတွက် အဖွင့် ၊ အပိတ် အကြိမ်ကြိမ်ပြုလုပ်စရာမလိုပါဘူး။

အနှစ်ချုပ်
Lumia 1320 ကို ဒေါ်လာ ၃၃၉ ဖြင့် ရောင်းချပေးနေတဲ့အတွက် စျေးက သင့်တင့်ပါတယ်။ Specification တွေက အလယ်အလတ်သာရှိပေမယ့် အရွယ်အစားကြီးမားတဲ့ ဖုန်းကို လိုချင်ရင်တော့ Lumia 1320 ကို ရွေးချယ်နိုင်ပါတယ်။ ငွေကြေးတတ်နိုင်ရင်တော့ အရွယ်အစားကြီးပြီး ထိပ်တန်း Specification တွေပိုင်ဆိုင်တဲ့ Lumia 1520 ကို ၀ယ်ယူနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *