လူသားတိုင်း ပင်ကိုယ်အစွမ်း တစ်ခုစီ ရှိကြတယ်လို့ အောင်မြင် နေသူတွေက ဆိုလေ့ရှိပါတယ်။ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်၊ ယုတ္တိ မရှိတာပင် ဖြစ်ပါစေ၊ တစ်နေရာရာမှာ သူမတူတဲ့ အစွမ်းတစ်ခု ထုတ်ပြနိုင်တယ်ဆိုရင် သင်ဘယ်လို လူစားပဲဖြစ်ဖြစ် ဂင်းနက်စ် မှတ်တမ်း ၀င်နိုင်တဲ့ အခွင့်အလမ်း ရှိပါသတဲ့။ ဒီ၀က်ဘ်ဆိုက်မှာ ကမ္ဘာ့ အသိအမှတ် ပြု ဂင်းနက်စ် မှတ်တမ်း၀င် လက်မှတ် ရရှိဖို့ လျှောက်ထား နိုင်မှာ ဖြစ်ပြီး ဂင်းနက်စ် မှတ်တမ်း၀င် အချက်အလက်၊ ဗီဒီယိုတွေ ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် ဂင်းနက်စ် မှတ်တမ်း၀င်ဖို့ ကြိုးစားနေသူတွေရဲ့ မှတ်တမ်း တွေကိုလည်း သိရှိရမှာ ဖြစ်ပါတယ်။ ဒီတော့ အပြိုင်အဆိုင် လောကထဲက လူ၊ လူထဲက လူသားတစ်ယောက် ဖြစ်တဲ့ သင်ရော ဂင်းနက်စ် မှတ်တမ်း ၀င်ဖို့ စိတ်ကူး မိပါရဲ့လား?
http://www.guinnessworldrecords.com/