Laptops, News, Review

Dell NB New Product, Dell IN3543-I35005-4-500-BLK-UBT-U

Dell မှအသစ်ထွက်ရှိလာတဲ့ 5th generation CEDAR Series NB နဲ့ မိတ်ဆက်ပေးပါ့မယ်။ Processor i3-5005U Processor (3M Cache, up to 2.0 GHz) ကိုအသုံးပြုပေးထားပြီး Memory 4GD3L/1600 ပါဝင်တဲ့အတွက် သင့်ရဲလုပ်ဆောင်ချက် တော်တော်များများကိုလည်း လျင်မြန်လွယ်ကူစွာနဲ့ အသုံးပြုနိုင်မှာပါ။ Storage အားဖြင့် Sata 500GB ကလည်း data အများအပြားကိုလည်းသိမ်းဆည်းပေးနိုင်ပါတယ်။ Intel(R) HD Onboard Graphics 5500 ဖြစ်တဲ့အတွက်သာမန် game ဆော့ချင်သူတွေနဲ့ Video များ၊ ပုံမှန် software လောက်သုံးချင်သူတွေအတွက် အဆင်ပြေစေပါတယ်။ Screen size 15.6 ” ဖြစ်ပြီး numeric keypad ပါဝင်တဲ့အတွက် စာရင်းပိုင်း အသုံးပြုချင်သူတွေအတွက်လည်း အဆင်ပြေစေမယ့် NB တစ်လုံးဖြစ်ပါတယ်။

CEDAR series laptop သည် ပုံမှန် laptop တွေထက်ပိုပါးပြီး design ကလည်း ပိုပြီးစွဲဆောင်မှုရှိစေပါတယ်။ Internet အသုံးပြုနိုင်မည့် Wifi စနစ် ပါဝင်ပြီး Wireless မြန်နှုန်းကိုလည်း 11n လောက်အထိ အမြင့်ဆုံးနှုန်းနဲ့ သုံးပေးထားပါတယ်။ External port တွေဖြစ်တဲ့ HDMI,LAN, Card Reader, USB ports တွေလည်း စုံလင်စွာထည့်ပေးထားပါတယ်။ 4cell battery ဖြစ်တဲ့အတွက် battery သက်တမ်းကိုလည်း အချိန်ကြာကြာသုံးနိုင်စေမှာပါ။ Optical Drive DVD+/-RW လည်းပါဝင်တဲ့အတွက် မိမိတို့၏ VCD/DVD အခွေများကို ကြည့်ချင်တာပဲဖြစ်ဖြစ်၊ ကူးချင်တာပဲဖြစ်ဖြစ် အဆင်ပြေစေမှာဖြစ်ပါတယ်။ Warranty အားဖြင့် 1 year parts & service ဖြင့်ဝန်ဆောင်မှုပေးထားပါတယ်။ Black, Silver & Red color (3) ရောင်ကိုရွေးချယ်နိုင်ပြီး ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် $ 449 ဖြင့် Golden Power Technology, ph: (01-230-4848, 230-4849, 230-4850, 230-4851, 230-4852) နှင့် ကွန်ပျူတာဆိုင်များအများစုတွင် ရရှိနိုင်ပါပြီ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *