News

ကုမ္ပဏီလုပ်ငန်းများတိုးချဲ့နိုင်ရန် အတွက် FMI Co.,Ltd. မှ ကျပ် ၂၅ ဘီလျံဖိုး ရှယ်ယာများ ထုတ်ရောင်း

ရန်ကုန်၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် – မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် First Myanmar Investment Co., Ltd. (“FMI”) သည် ကုမ္ပဏီ၏ လက်ရှိ ရှယ်ယာရှင်များအတွက် ကျပ် (၂၅) ဘီလျံသို့မဟုတ် အမေရိကန်ဒေါ်လာ (၂၅.၆) သန်း တန်ဖိုးရှိသော Rights Issue များကို စတင် ရောင်းချခဲ့ပါသည်။ ၎င်းရောင်းချရသော ငွေများကို ကုမ္ပဏီလုပ်ငန်းများ အသစ်တိုးချဲ့ရန်နှင့် လက်ရှိ လုပ်ငန်းများကို တိုးချဲ့နိုင်ရန် ငွေကြေး အထောက်အပံ့ အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

Right Issues များရောင်းချသောကြောင့် ရိုးရိုးရှယ်ယာများ (Ordinary Shares) ၂,၅၀၀,၀၀၀ ကိုတစ်စုလျှင် ကျပ် ၁၀,၀၀၀ ဖြင့် ထုတ်ဝေရောင်းချသွားမည် ဖြစ်သည်။ ၎င်းဈေးနှုန်းမှာလက်ရှိ FMI ရှယ်ယာဈေးနှုန်းထက် ၂၀% လျှော့ချပေးထားခြင်း ဖြစ်ပါသည်။

ယခုရှယ်ယာရောင်းချမှုကို ရှယ်ယာရှင်များအတွက် ဦးစားပေး ရောင်းချသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ ပုဒ်မ၁၀၅ (ဂ) အရ၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင်အရောင်းစတင်၍၊ ၂၀၁၄ခုနှစ်၊ဇန်နဝါရီလ(၈) ရက်နေ့တွင် အရောင်းပိတ်မည် ဖြစ်သည်။ ရှယ်ယာရှင်များသည် လက်ဝယ်ပိုင်ဆိုင်ထားရှိသော ရှယ်ယာ (၆) စုတိုင်းအတွက် ရှယ်ယာအသစ် (၁) စုကိုဝယ်ယူပိုင်ခွင့်ရှိပြီး၊ ရှယ်ယာအပိုများကိုလည်းထပ်တိုးဝယ်ယူခွင့် ရှိပါသည်။

မည်သူမျှ မဝယ်ယူသည့် ရှယ်ယာများ ကျန်ရှိနေသေးလျှင်၊ ၂၀၁၄၊ဇန်နဝါရီလ(၉)ရက်နေ့တွင်စ၍၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ပုဒ်မ၉၃(၃)နဲ့အညီ၊ အများပြည်သူသို့ ရောင်းချပေးသွားနိုင်မည်ဟု ခန့်မှန်းထားသည်။ ရှယ်ယာအသစ်များ ကိုနေရာချထားခြင်းသည် ရှယ်ယာများရောင်းချပြီးသည့်အချိန်မှ တစ်ပတ်အတွင်း ပြုလုပ်သွားမည်ဟုခန့်မှန်းထားပြီး၊ ၎င်းရှယ်ယာများကိုပိုင်ဆိုင်သူများသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေပေးမည့် အမြတ်ဝေစုများအားရရှိ ပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်သည်။ ယခုရှယ်ယာအသစ်များရောင်းချမှုသည် မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပါသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဟာ သိသာထင်ရှားစွာဖွံ့ဖြိုးတိုးတက်လာဖို့ တာဆူနေပြီး၊ ဒီလိုတိုးတက်မှု အဆနှုန်းမြင့်တဲ့ ကာလမျိုးကိုနောင်လာမယ့် ဆယ်စုနှစ်တွေမှာထပ်မံကြုံတွေ့ရဖို့ မလွယ်ကူလောက်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီရဲ့ နည်းဗျူဟာအနေနဲ့ လုပ်ငန်းအသစ်တွေ တည်ထောင်တာတွေကို လာမယ့် (၂) နှစ်-(၃) နှစ် အတွင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အခြေကိုတိုးပွားစေဖို့နဲ့ ကျွန်တော်တို့ရဲ့ War Chest ကို မြန်မြန်ဖြည့်တင်းဖို့ လိုအပ်နေပါတယ်” ဟု FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေ မှ ပြောကြားခဲ့ပါသည်။

အစုရှယ်ယာ (၂,၅၀၀,၀၀၀) စုအားလုံး၏ ရောင်းချမှု တစ်ရပ်လုံးကို SPA Myanmar ကုမ္ပဏီမှ စတိအခကြေးငွေ ၂% ဖြင့် ဝယ်ယူပေးသွားမည်ဟုအာမခံဝန်ချက် ပြုထားပါသည်။ “အခုငွေအရင်းအနှီးအာမခံချက်ဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မဟာဗျူဟာစီမံကိန်းတွေကိုသတ်မှတ်ထားတဲ့ အချိန်အတွင်းအကောင်အထည်ဖော်နိုင်ဖို့ အာမခံချက်ပေးပါတယ်” ဟု SPA Myanmar ကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သောဦးသိမ်းဝေမှ ပြောကြားခဲ့ပါသည်။

Rights issue မှ ရရှိသောငွေကြေးအရင်းအနှီးကို FMI ကုမ္ပဏီမှ မြန်မာယာယီပူးပေါင်းအဖွဲ့အစည်း (Consortium) ၏ ၅% မှ ၉% ပါဝင်ရင်းနှီးမြှုပ်နှံသွားမည့် သီလဝါအထူးစီးပွားရေးဇုန် (Thilawa SEZ) အပါအဝင် ကုမ္ပဏီ၏ လုပ်ငန်း စီမံကိန်းများကို ငွေကြေးအထောက်အပံ့ပေးနိုင်ရန် အသုံးပြုသွားမည် ဖြစ်သည်။ သီလဝါ SEZ သည် သန်လျင်ရှိ သီလဝါဆိပ်ကမ်းနဲ့ ကပ်လျက်ရှိသောဟက်တာ (၂၄၀၀) ရှိသည့် မြေနေရာဖြစ်သည်။ အခြားစီမံကိန်းများ ဖြစ်သည့် ခရီးသွားလုပ်ငန်းနှင့် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတို့ရှိ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကိုတိုးချဲ့သွားရန်၊ လေကြောင်းလိုင်းပျံသန်းမှု ယာယီလက်မှတ် ရရှိထားသည့် FMI Air ကုမ္ပဏီအား ပိုမိုကြီးထွားလာအောင် ဆောင်ရွက်ရန်နှင့်  ရန်ကုန်မြို့လည်ရှိ ၁၀ ဧကအကျယ်အဝန်းရှိသောမြေနေရာတွင် ဟိုတယ် (၂) ခု၊ ရုံးခန်းအဆောက်အဦး (၂)ခု၊ ရှော့ပင်းမောလ် (၁) ခု ၊ Service Apartment (၁) ခု နှင့် အဆင့်မြင့် ကွန်ဒိုမီနီယံ (၁) ခု ပါဝင်သည့် တည်ဆောက်မှု စီမံကိန်းတစ်ခုဖြစ်သည့် Meeyahta International Hotel Ltd. တွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။

ရိုးမဘဏ်၏ Paid-up Capital အား ကျပ်(၁၀) ဘီလျံ မှ ကျပ်(၁၅) ဘီလျံ အထိတိုးမြှင့်သွားစေရန်အတွက် ၎င်းရင်းနှီးမတည်ငွေများကို အသုံးပြုသွားမည် ဖြစ်ပါသည်။ FMI ကုမ္ပဏီသည် ရိုးမဘဏ်၏ ၃၅.၆% ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ၊ ကျပ် (၃) ဘီလျံမှ (၅) ဘီလျံအကြား ရင်းနှီးမြှုပ်နှံသွားရန် ရည်ရွယ်ထားပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *