News

FMI နှင့် LIPPO တို့ အတူပူးပေါင်းပြီး အမေရိကန်ဒေါ်လာသန်း ၄၂၀ ရင်းနှီးမြုပ်နှံ၍ မြန်မာနိုင်ငံသားများအတွက် ဆေးရုံ ဖွင့်လှစ်မိတ်ဆက်

Hospital Front Entrance_Photo Credit - Pun Hlaing Siloam Hospitals

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ၂၀၁၅ခုနှစ် ဇွန်လ ၆ရက်နေ့ – First Myanmar Investment Co Ltd (“FMI”) နှင့် အင်ဒိုနီးရှားနိုင်ငံမှ Lippo Group (“Lippo”) အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း (၄၂၀) ရင်းနှီးမြုပ်နှံထားသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကြီးအား မိတ်ဆက်သည့် အခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံမိသားစုဝင်များအဖြစ် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပါသည်။ အဆိုပါ အတူပူးပေါင်းဆောင်ရွက်မှုကို FMI ၏ ကုမ္ပဏီဥက္ကဌဖြစ်သူ ဦးသိမ်းဝေ ခေါ် Mr Serge Pun နှင့် Lippo ၏ CEO ဖြစ်သူ Dr James Riady မှ ဦးဆောင်ထားပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန်ဒေါ်လာ (၁၀)သန်း တန်ဖိုးရှိစက်ပစ္စည်း ကိရိယာများ အဆင့်မြင့်တင်မှု၊ အကောင်းမွန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများ၊ ဆေးရုံစီမံခန့်ခွဲမှု နိုင်ငံတကာ အတွေ့ကြုံများနှင့် ခေါင်းဆောင်မှု အရည်အသွေးများပါ ပါဝင်နေပါသည်။

ယနေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် ယခုပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံအစိုးရနှင့် အင်ဒိုနီးရှားနိုင်ငံအစိုးရတို့၏ တရားဝင်ခွင့်ပြုမှုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မတီ (MIC) မှ ၂၀၁၅ခုနှစ် ဧပြီလ ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ခွင့်ပြုအမှတ် 923/2015 ကိုရရှိခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခုလို ပူးပေါင်းဆောင်ရွက်မှုဖြင့် လာမည့် (၃) နှစ်မှ (၅) နှစ်တာကာလအတွင်းတွင် ဆေးရုံပေါင်း (၁၂) ရုံ ဖွင့်လှစ်နိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းဆေးရုံပေါင်း (၂၀)ကျော်ကို (၁၀)နှစ်တွင်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပါသည်။ ဆေးရုံလုပ်ငန်းကျွမ်းကျင်သူ နှင့် စီမံအုပ်ချုပ်မှု ကျွမ်းကျင်သူ (၄၀ဝ) ခန့် ပါဝင်သည့် ပန်းလှိုင်-စီလုံဆေးရုံသည် နိုင်ငံတစ်ဝှမ်းရှိတိုးချဲ့ဖွင့်လှစ်သွားမည့် ဆေးရုံများကိုအဓိက ဦးဆောင်စီမံသွားမည် ဖြစ်ပါသည်။ FMI-ပန်းလှိုင်တို့ နှင့် Siloam–Lippo အုပ်စု၏ ဒေသတွင်း ငွေကြေးနှင့် လုပ်ငန်းကျွမ်းကျင်မှု အားသာချက်များဖြင့် လက်တွဲမှုသည် မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ပြီး လူမှုဘဝပိုမိုတိုးတက်လာစေမည် ဖြစ်ပါသည်။

Hospital Lobby_Photo Credit - Pun Hlaing Siloam Hospitals

fmi-and-lippo-allies-open-hospital

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ကျန်းမာရေး၊ ပညာရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍတို့မှ အလုပ်အကိုင် အခွမ့်အလမ်းများ ဖန်တီးပေးရန်နှင့် ပိုမိုကောင်းမွန်သော လူမှုဘဝများ ရရှိရေးဆိုသည့် မြန်မာနိုင်ငံအစိုးရ၏ စီမံချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းထောက်ပံ့နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူပေါင်း ၁၂,ဝ၀ဝ ကျော်ဖြင့် လူနာပေါင်း (၄)သန်းခန့်ကို နှစ်စဉ် ကုသပေးနိုင်မည့် ပန်းလှိုင်-စီလုံဆေးရုံများကို နှစ်စဉ်အမြတ်ငွေ အမေရိကန်ဒေါ်လာသန်း(၄၀ဝ) ဖြင့် လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ (၂)ဘီလီယံထိ တိုးတက်ကြီးထွားစေရန်ရန် ရည်ရွယ်ထားပါသည်။ စီလုံဆေးရုံများအုပ်စုသည် ၎င်းတို့၏ ကျွမ်းကျင်မှုများဖြင့် ပန်းလှိုင်-စီလုံဆေးရုံကို ကမ္ဘာ့အဆင့်အတန်းမှီ ဆေးရုံနှင့် ကျန်းမာရေးဝန်ဆောင်မှုတို့၏ အရည်အသွေးပြည့်မှီရန်အတွက် (၁၂) လမှ (၂၄)လအတွင်း လေ့ကျင့်အသုံးချပေးသွားမည် ဖြစ်ပါသည်။ ရည်မှန်းချက်ပြည့်မှီရန်အတွက် “Multinational Philosophy” ဆိုသည့်အတိုင်း နိုင်ငံတကာ အရည်အသွေးအရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချသွားမည် ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားကို အထူးဧည့်သည်တော်ပေါင်း ၃၀ဝ ကျော်နှင့် ပန်းလှိုင်-စီလုံ ဆေးရုံမိသားစုများဖြင့် အောင်မြင်စွာကျင်းပခဲ့ပါသည်။

Credit all images to Pun Hlaing Siloam Hospitals

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ညွန်ကြားရေးမှူးချုပ် ပါမောက္ခမြင့်ဟန် မှ ကျန်းမာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၏ ကိုယ်စား အမှာစကားပြောကြားခဲ့ပါသည်။ FMI ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေ (Mr. Serge Pun)၊ Lippo Group ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ဒေါက်တာ James Riady၊ ပန်းလှိုင်-စီလုံ ဆေးရုံ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ Gershu Paul နှင့် ကျန်မားရေး စောင့်ရှောက်မှုဆိုင်ရာ ဒေသခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့်တကွ အင်ဒိုနီရှားနိုင်ငံမှ ကိုယ်စားလှယ် ၃၀ ဦး ပါဝင်သည့် Economy Affairs of the Republic of Indonesia ၏ Deputy Coordinating Minister ဖြစ်သူ ဂုဏ်သရေရှိ လူကြီးမင်း Edy Putera Irawady၊ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်, Police General (Ret) ဖြစ်သူ Ito Sumardi၊, the Republic of Indonesia and Indonesian Foreign Minister (2001-2009) မှ သမ္မတ အကြံပေးအရာရှိဖြစ်သူ Dr Hasan Wirayuda; အင်ဒိုနီးရှားနိုင်ငံမှ လွတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် ဖြစ်သူ Pius Lanang၊ Lippo Group ၏ ဒါရိုက်တာ နှင့် MatahariMall.com ၏ ဥက္ကဋ္ဌဖြစ်သူ Emirsyah Satar တို့အပါအဝင် အင်ဒိုနီရှားမှ အယ်ဒီတာချုပ်များ နှင့် မီဒီယာမှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေး အဆက်မပြတ်တိုးတက်နေခြင်းနဲ့အတူ အဆင့်မြင့်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရရှိလိုမှုများတိုးတက်နေပါတယ်။ အဆင့်တန်းမြင့်မားတဲ့ နိုင်ငံအနှံ့ ဆေးရုံကွန်ယက်များအတွက် ဈေးကွက်သို့ဝင်ရောက်ဖို့ အချိန်ပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ မှာ ဦးဆောင်သူ ဖြစ်တဲ့နည်းတူ ပန်းလှိုင်-စီလုံ ဆေးရုံမှာလည်း အလားတူအောင်မြင်မှု တွေကိုယူဆောင်ပေးဖို့ စိတ်အားထက်သန်ပါတယ်။ ကျွန်တော်တို့ရဲ့ အကျိုးထိရောက်တဲ့ ရှေ့ဆောင်မှု ကိုအရင်းတည်ကာ ဝန်ဆောင်မှုပေးသွားမှာပါ” ဟု Lippo Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ James Riady ကပြောသည်။

“ခေတ်မှီဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ လုပ်ငန်းလည်ပတ်မှု စနစ်တွေနဲ့ လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍဆီကို ယူဆောင်ပေးနိုင်တဲ့အတွက် အထူးဝမ်းသာမိပါတယ်။ မတူညီတဲ့ ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များနဲ့ ကိုက်ညီအောင်၊ ဆေးကုသခ အမျိုးမျိုးနဲ့ လူနာဗဟိုပြုစောင့်ရှောက်ရေး ရရှိနိုင်မှုကိုမြှင့်တင်ခြင်းကနေ ပြည်သူတွေ အကျိုးကျေးဇူးရရှိမှာပါ” ဟု FMI ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေ ( Mr. Serge Pun) က ပြောသည်။ ၎င်းက “ဆေးရုံနာမည် ပြောင်းရုံပဲမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်ရေး အဆင့်အတန်းအတွက် မျှော်မှန်းချက် (Vision) အသစ်တစ်ခုကို ဆိုလိုနေခြင်းဖြစ်ပါတယ်။ Lippo Group နဲ့အတူပူးပေါင်းပြီး နိုင်ငံတကာ အဆင့်အတန်းမှီ ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုကို မြန်မာနိုင်ငံသားများ ပိုမို ရရှိဖို့ အတွက် ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်” ဟုပြောသည်။

ဆေးရုံကြီးတွင် ခေတ်မှီဆေးကုသမှုဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် လူနာတင်ယာဉ်များနှင့်အတူ ၂၄နာရီ ပိတ်ရက်မရှိ အရေးပေါ်ဝန်ဆောင်မှုများရှိသည်။ ထို့အပြင် နိုင်ငံတကာအဆင့်မှီ ပိုးမွှားသန့်စင်ထားသော ခွဲစိတ်ကုသဆောင် ၆ဆောင်၊ သားဖွားဆောင် ward တစ်ခုနှင့် အရေးပေါ်စောင့်ရှောက်မှုဌာန နှင့် ခေတ်မှီဓါတ်ခွဲခန်းတစ်ခု ကို ထပ်မံတိုးချဲ့ထားသည်။ ယခင်ထက်များပြားလူနာများကို ဝန်ဆောင်မှုပေးနိုင်ရန် လူနာကုတင်များကို ၁၇၄လုံးအထိ တိုးချဲ့ထားပြီး ကုတင် ၃၈လုံးအား တစ်ညလျင်ကျပ် ၁၀,ဝ၀ဝ နှုန်းဖြင့် လူတန်းစာမရွေး ပြည်သူများ အလွယ်တကူရရှိနိုင်ရန် ပြင်ဆင်ထားသည်။ ပန်းလှိုင်-စီလုံ ဆေးရုံများ မှ ဆရာဝန်များနှင့် သူနာပြုများသည် လူနာများအပေါ် အကောင်းမွန်ဆုံး ဂရုတစိုက်ပြုစုစောင့်ရှောက်မှုဖြင့် ကျန်းမာရေးဝန်ဆောင်မှု ကို ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။

Hall Type Beds (K10000)- Silver Ward_Photo Credit - Pun Hlaing Siloam Hospitals

fmi-and-lippo-allies-open-hospital

“ပန်းလှိုင်-စီလုံဆေးရုံကြီးတွင် ယခုအခါ ဟောင်ကောင်၊ စင်ကာပူ၊ အမေရိကန်၊ အိုင်ယာလန်၊ မလေးရှား နှင့် UK နိုင်ငံများမှာ ပြန်လာသော မြန်မာနိုင်ငံသား အထူးကုဆရာဝန်များပါဝင်ဖြင့် (၂၄)နာရီ ပိတ်ရက်မရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာပဲ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ စီလုံဆေးရုံများ၏ အမှုဆောင် ဥက္ကဌ နှင့် ပန်းလှိုင်-စီလုံ ဆေးရုံများ၏ CEO ဖြစ်သူ Dr Gershu Paul ဟုဆိုပါသည်။ ဆက်လက်ပြီး “ ပြီးခဲ့သည့် (၄)လတာ ကာလအတွင်း အထူးကုဆရာဝန်ပေါင်း (၂၀)ကျော်ကို ထပ်မံခန့်ထားပြီး ကမ္ဘာ့အဆင့်အတန်းမှီ(၂၄)နာရီ (၇)ရက် လူနာအတွက် အဓိက ဗဟိုပြုကုသမှုကို ပေးအပ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ထပ်မံဖြည့်စွတ်ပြောခဲ့ပါသည်။

128 Slice CT Scanner_Photo Credit - Pun Hlaing Siloam Hospitals

fmi-and-lippo-allies-open-hospital

ပါမောက္ခဦးမြင့်ဟန်ကလည်း “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးကဏ္ဍရဲ့ အဆက်မပြတ်ဖွံ့ဖြိုးမှုကလည်း အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ပြီးတော့ ပန်းလှိုင်-စီလုံ ဆေးရုံကြီးရဲ့ အရေးပါတဲ့ ရင်းနှီးမြှပ်နှံမှု ကိုလည်းအားရမိပါတယ်။ ယခုလိုအရေးကြီးတဲ့ ပထမခြေလှမ်းက ဒေသတွင်းနဲ့အလွန်မှာ မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှု အနေအထား တိုးတက်ဖွံ့ဖြိုးဖို့ အကူအညီပေးသွားမှာပါ။ ဆေးဖက်ဆိုင်ရာကဏ္ဍအတွက် ကောင်းတဲ့ သက်ရောက်မှုတွေအပြင် ယခုလိုပူးပေါင်းခြင်းကနေ အလုပ်အကိုင်အခွင့်အလမ်းများ၊ အဆိုပါကဏ္ဍအတွက်ပြည်တွင်းအမြတ်ဝင်ငွေများ တိုးတက်ခြင်းနဲ့ ဆေးရုံအနီးအနားဝန်းကျင်က လူမှုဝန်းကျင်နဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းမှုများကိုတွေ့ရ မှာပါ” ဟုပြောသည်။

New Ambulance_Photo Credit - Pun Hlaing Siloam Hospitals

fmi-and-lippo-allies-open-hospital

လာမည့် (၂)နှစ်တာကာလ အတွင်းတွင် ကျန်းမားရေးစောင့်ရှောက်မှုနှင့် မေတ္တာထားသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပန်းလှိုင်-စီလုံဆေးရုံသည် corporate social responsibility (CSR) လှုပ်ရှားမှုများ အနေနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများကို အနီးတဝိုက်တွင်ရှိသော ကျေးရွာများတွင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၎င်းကျန်းမာရေး ဆေးခန်းများသည် အမျိုးမျိုးသော ဝန်ဆောင်မှုများဖြစ်သည့် သွေးဖိအားတိုင်းခြင်းနှင့်ကုသခြင်း၊ သွားကျန်းမာရေးစောင့်ရှောက်ခြင်း၊ အရိုးကျန်းမာရေးစီစစ်ခြင်း၊ ဆီးလမ်းကြောင်း ကျန်းမာရေးဝန်ဆောင်မှုများ နှင့် မျက်စိအတွင်းတိမ် ကျန်းမာရေးဝန်ဆောင်မှု စသည်တို့တွင် ဝန်ဆောင်မှုပေးပါသည်။ ထို့အပြင် သံဃာတော် များအတွက် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် စီစဉ်ပြီးဖြစ်ပါသည်။ ပန်းလှိုင်-စီလုံဆေးရုံမှ ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက ပန်းလှိုင်-စီလုံဆေးရုံ၏ ဝက်ဘ်ဆိုဒ်ဖြစ်သော www.punhlaingsiloamhospitals.com တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

First Myanmar Investment ကုမ္ပဏီအကျဉ်းချုပ်

First Myanmar Investment Co., Ltd. (FMI) ကုမ္ပဏီ ကို ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ပထမဦးဆုံးသော အများပိုင်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပါသည်။ ယခုအခါတွင် အစုရှယ်ယာရှင် ၆၀ဝ၀ ကျော်ရှိပြီး စတင်ခဲ့သည့် အချိန်မှစ၍ နှစ်စဉ်အမြတ်အစွန်းများရရှိခဲ့ပြီး အမြတ်ဝေစုများကိုလည်း ခွဲဝေပေးနိုင်ခဲ့ပါသည်။ FMIကုမ္ပဏီ အနေဖြင့် အဓိကကဏ္ဍ(၄) ခုတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ၄င်းကဏ္ဍများမှာ ငွေကြေးဆိုင်ရာလုပ်ငန်း၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေးလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေး လုပ်ငန်းများဖြစ်ပါသည်။

Lippo အုပ်စု

Lippo အုပ်စုသည် အာရှအတွင်းရှိ စီးပွားရေးအုပ်စုကြီးများအနက် ခိုင်မာတောင့်တင်းသော စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ အုပ်စုအနေဖြင့် အိမ်ရာဖော်ထုတ်တည်ဆောက်ရေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်း၊ ကုန်တိုက်လုပ်ငန်း၊ လက်လီအရောင်းလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ သတင်းဖြန့်ချီရေးလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများကို လုပ်ဆောင်နေသော စီးပွားရေးအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါသည်။ စီးပွားရေးနယ်ပယ်အတွင်း ဦးဆောင်နိုင်ခဲ့မှုများ၊ ဈေးကွက်မြှင့်တင်နိုင်ခဲ့မှုများအပြင် ဆန်းသစ်တီထွင်နိုင်ခဲ့မှုများကိုလည်း နှစ်ပေါင်း (၆၀) အတွင်း စံပြအဖြစ် ဆောင်ရွက် နိုင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *