How-to

Fiber Cable အသုံးပြုနည်း (Part 1)

Fibre အကြောင်းကိုကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။ Fibre ကြိုးကတော့သိပြီးသားဖြစ်မှာပါ။ ဖန်တွေနဲ့ အဓိက လုပ်ထားတာပါ။ Fiber ကို ဘယ်အချိန်မှာ အများဆုံးသုံးသင့်သလဲဆိုတော့ ကျွန်တော်တို့တွေ Building တစ်ခုနဲ တစ်ခုနဲ့ Network ချိတ်ရမယ်ပေါ့။ ထို Buidling နှစ်ခုက Meter 400 ကွာတယ်ဘဲဆိုပါဆို့။ Copper Cable သုံးမယ်ဆိုရင် အဆင်မပြေဘူးလေ။ Copper Cable က Meter 100 လောက်ထိဘဲ ရတယ်ဆိုတော့။ ဖြစ်အောင်လုပ်ချင်ရင်တော့ Switch တွေကို ကြားမှာ Repeater အနေနဲ့ ခံသုံးပြီး ချိတ်သွားမယ်ဆိုရင်တော့ ရတာပေါ့။ Switch တွေကို မိုးမပတ်အောင်၊ ရာသီဥတု ဒဏ်ခံနိုင်အောင်တော့ လုပ်ပေးဖို့တော့ လိုမှာပေါ့။

Fiber နဲ့ Building နှစ်ခုကို ချိတ်ပေးလိုက်ရင်တော့ပိုအဆင်ပြေတာပေါ့။ ရေရှည်ပိုကောင်းတာပေါ့။ ဈေးကတော့ ကြီးလိမ့်မယ်။ Fiber ကြိုး၀ယ်မယ်ဆိုရင် ကြိုးအမျိုးအစား နှစ်မျိုးရှိတယ်။ Multimode fiber ၀ယ်မှာလား။ Single Mode Fiber ၀ယ်မှာလားဆိုပြီး။ မိမိဆွဲမယ့် အကွာအဝေးက Meter 500 အောက်ဘဲ ရှိမယ်ဆိုရင် Multi Mode Fiber ကို သုံးသင့်တယ်။ မိမိဆွဲမယ့် အကွာအဝေးက Meter 500 အထက် ရှိမယ်ဆိုရင် Single Mode Fiber ကိုသုံးသင့်တယ်။ Multimode Fiber က Single Mode Fiber ထက်ပို ဈေးသက်တာတယ်။  ပြီးတော့ ထပ်သိရမှာက Multimode Fiber နဲ့ Singlemode Fiber ဆိုတာ Fiber မျှင်တစ်ခုကို ပြောတာ။ Fiber Core လို့လည်းခေါ်တယ်။ Multimode အမျိုးအစား Fiber မျှင်ရဲ့ အချင်းက 50nm/62.5nm ရှိတယ်။ Single Mode အမျိုးအစား Fiber မျှင်မှာဆို Fiber မျှင်ရဲ့ အချင်းက 10nm လောက်ဘဲရှိတယ်။ Multimode Fiber အမျှင်ထက် ပိုကျဉ်းတာပေါ့။ ပိုကျဉ်းတော့ အလင်းက ထို Fiber မျှင်မှာ ဖြတ်တဲ့အခါ ဝေးဝေးသွားနိုင်တယ်။တနည်းအားဖြင့် Fiber ကြိုးရှည်ရှည် ဆွဲလို့ရတာပေါ့။

Fiber တစ်ကြိုးမှာ Fiber မျှင်တွေ တစ်ခုထက်မကပါတယ်။ 4 Core Fiber Cable ဆိုတာက Fiber Cable မည်းမည်း ကြီးကို ခွဲလိုက်ရင် အထဲမှာ Fiber Core (Fiber အမျှင်) လေးပင်ကိုတွေ့လိမ့်မယ်။ ထို အမျှင်တွေကို အရောင်တွေ ဆိုးထားတယ်။ ထိုအရောင်ကို ကြည့်ပြီးမှသာ တဖက်ရဲ့ Fiber မျှင်ကို နောက်တဖက်မှာ လွယ်လွယ်ကူကူရှာနိုင်မှာလေ။ 4 Core Fiber မှာ အထဲမှာ Fiber အမျှင် 4 မျှင်ပါတယ်။ တစ်မျှင်ထဲလည်း သုံးနိုင်တယ်။ တခြားအမျှင်တွေကို လိုမှသုံးလည်း ရတယ်။ ဒါမှမဟုတ် ရှိသမျှ Fiber အမျှင် 4 ခုကို တပြိုင်နက်တည်း သုံးလို့ရတယ်။

fiber 1

Company တစ်ခုက Building နှစ်လုံးစလုံးမှာ ရှိတယ်။ Building တစ်ခုစီမှာ Company ပေါင်း ၄ ခုရှိတယ်။ Company တစ်ခုက Building နှစ်လုံးလုံးမှာရှိတယ်။ ပုံမှန် ကျွန်တော်တို့ Copper Cable သုံးမယ်ဆိုရင် ကြိုးလေးကြိုး ဆွဲပေးရမယ်လေ။ Building 1 ရဲ့ Company A နဲ့ Building 2 ရဲ့ company A တို့ရဲ့ Switch နှစ်ခု ကို ချိတ်ဖို့ ကြိုးတစ်ကြိုး။

Building 1 ရဲ့ Company B နဲ့ Building 2 ရဲ့ Company B တို့ရဲ့ Switch နှစ်ခု ကို ချိတ်ဖို့ ကြိုးတစ်ကြိုး စသဖြင့် Copper Cable ကြိုးလေးကြိုးဆွဲရမယ်။

4 Core Fiber Cable ကို သုံးမယ်ဆိုရင် Fiber တစ်ကြိုးဘဲ ဆွဲစရာလိုတယ်။ အဆောက်အအုံထဲရောက်မှ Fiber ကြိုးကိုခွဲ။ အထဲမှာ Fiber အမျင် ၄ မျှင်ထွက်လာမယ်။ တမျှင်ကို Company A ရဲ့ Switch တစ်ခုအတွက်သုံး။ နောက်တစ်မျှင်ကို Company B ရဲ့ Switch အတွက်သုံး။ ဒါဆို Backbone မှာ ကြိုးတွေအများကြီး ဆွဲစရာမလိုတော့ဘူး။

Copper Cable မှာ Network ခေါင်း RJ45 ကို သုံးသလိုဘဲ Fiber မှာ အသုံးများတဲ့ Network ခေါင်း အမျိုးအစား (3) မျိုးရှိတယ်။ အဲ့ဒါတွေက LC, SC, MTRJ။ Fiber မှာ Fiber ခေါင်းညှပ်ကြတာရှားတယ်။ Fiber Connector မညှပ်ကြဘဲ Fiber မျှင်ကို ဆက်ကြတယ်။ ဘယ်လိုလဲဆိုရင် Fiber ခေါင်းတဖက်ညှပ်ပြီးသား ကြိုးကို၀ယ်တယ်။ နောက် တဖက်က မညှပ်ရသေးဘူးပေါ့။ Fiber မျှင်ဘဲရှိတာပေါ့။ အဲ့ဒီလို Cable ကို Pigtail လို့လည်းခေါ်ကြတယ် ။ ထိုမညှပ်ရသေးတဲ့ Fiber မျှင်နဲ့ Fiber ကြိုးခွဲလို့ထွက်လာတဲ့ Fiber မျှင်တစ်ခုနဲ့ ဆက်တယ်။ ဆက်ပုံ ဆက်နည်း နှစ်နည်းရှိတယ်။ တစ်နည်းက Mechanical Splice ဆက်တာ။ ဆက်ဖို့အတွက် Tool တွေမလိုဘူး။ လက်နဲ့ ဆက်တာ။ သိပ်တော့ Reliability မဖြစ်ဘူးပေါ့။
နောက်တစ်နည်းက စက်နဲ့ Fiber အမျှင် နှစ်ခုကို ဆက်တာ။ ဘာစက်ကို သုံးပြီး ဆက်လဲဆိုရင် Splicing Machine ဆိုတဲ့ စက်ကို သုံးပြီး ဆက်တာ။ Fusing Splice လုပ်တယ် လို့ခေါ်တယ်။

Copper Cable မှာ Network ကြိုးတွေ အထဲမှာပျက်နေလား ဆိုတာကို သိချင်ရင် Cable Tester ကို သုံးရသလိုဘဲ Fiber မှာဆို Power Meter ကိုသုံးရတယ်။

2

Power Meter မှာ Device နှစ်စုံ ရှိတယ်။ Transmit Device နဲ့ Receive Device ။ ဘယ်လို ကြိုးကောင်းမကောင်းစမ်းလဲဆိုရင် အရင် Transmit Device ကို Fiber အမျှင် တဘက် အစမှာတပ်။ ပြီးရင် Transmit Device က Fiber မျှင်မှာ Power တစ်ခု လွှတ်လိုက်တယ်။ အဲ့ဒီ Power က Fiber ကြိုးတလျောက်မှာ တဖြည်းဖြည်း လျော့သွားတယ် (Loss ဖြစ်သွားတယ်ပေါ့) ။ Receive Device က နောက် ကြိုးအဆုံးဘက်မှာ တပ်ပြီး Transmit Device လွှတ်လိုက်တဲ့ Power ဘယ်လောက်လျော့သွားလဲဆိုတာကို တိုင်းတယ်။ Fiber Cable ရဲ့ အကွာအဝေးကြောင့် ကျတဲ့ Power Loss ပဲရှိမယ်ဆိုရင် Fiber ကောင်းတယ်လို့ သတ်မှတ်တယ်။
Fiber Cable တွေရဲ့ သတ်မှတ်ချက်မှာ ဘယ်လောက်အကွာအဝေးရောက်တိုင်း ဘယ်လောက် Power ကျမလဲဆိုတာ ရှိတယ်။ Power Meter (Transmitter) ကနေ Fiber မျှင်ရဲ့ အစတစ်နေရာကနေ Fiber မျှင်ထဲ Power ပေးလိုက်တယ်။
Power ကို 10 W ပေးလိုက်တယ်။ Fiber Cable ရဲ့အရှည်က 2km ရှိတယ်ဆိုပါတော့။ Fiber မျှင်ရဲ့ သတ်မှတ်ချက်မှာ 1 km တိုင်း Power 2 W ကျခွင့်ရှိမယ်။ ဒါဆို Fiber Cable က 2km ရှည်တော့ Power က 4 W ကျမယ်။ 10 W နဲ့ Transmitter ကလွှတ်လိုက်တော့ 6 W ကျန်မယ်။

ဒါဆို Fiber အဆုံးမှာ Power Meter (Receiver) နဲ့ တိုင်းလိုက်လို့ 6W ပဲလာပြရင် Fiber Cable ကောင်းတယ်လို့ သတ်မှတ်နိုင်တယ်။ Power က 6W အောက်ထက် ပိုကျနေရင် Fiber Cable ဆွဲတုန်းက Fiber ခေါက်သွားလို့၊ ဒါမှမဟုတ် Fiber တစ်ခုခုနဲ့ထိပြီးနာသွားတာကြောင့် Power ထပ်ကျသွားတာ ဖြစ်တယ်။

Fiber Troubleshooting Device မှာ အသုံးများတဲ့ Device တစ်ခုရှိတယ်။ သူ့ကို OTDR လို့ခေါ်တယ်။ သူက Fiber အမျှင်အစ တစ်ခုကို Device ထဲထည့်လိုက်တယ် (အရင်ခေါင်းတပ်ပေးရတယ်) ။ ထို OTDR မှာ Display ပါတယ်။ ထို Display က Fiber Cable ဘယ်လောက် အကွာအဝေးမှာ ဘယ်လောက် Power အရမ်းကျသွားလဲဆိုတာကို Loss/Distance Graph နဲ့ ပြတယ်။ Power အလွန်အမင်းကျပြီး နောက်ဆုံး အဆုံးထိကျသွားရင် အဲ့ဒီအကွာအဝေးလောက်မှာ Fiber မျှင်ပြတ်သွားပြီလို့ သိနိုင်တယ်။ OTDR မှာ ထို ပြတ်သွားတဲ့ Distance ကို ကြည့်ပြီး ထိုနေရာမှာ တဝိုက်မှာရှိတဲ့ ပျက်သွားတဲ့ Fiber အမျှင်ကို ရှာပြီး ပြန်ဆက်နိုင်တယ်။ တကယ် လက်တွေ့မှာတော့ Fiber ပြတ်တဲ့နေရာကို ရှာဖို့က ခက်တယ်ဆိုတော့ Fiber အမျှင် ပြတ်တဲ့ အပိုင်းပါနိုင်တဲ့ Fiber တစ်ပိုင်းကို ဖြတ်ချလိုက်တယ်။ (ထို ဖြတ်ထားတဲ့ ကြိုးထဲမှာ Fiber ပြတ်တဲ့နေရာတော့ ပါရမှာပေါ့) ပြီးရင် ဖြတ်ထားတဲ့ ကြိုးအရှည်အတိုင်း ကြိုးအကောင်းတစ်ခုကိုယူ။ ပြီးရင်ဖြတ်ထားတဲ့နေရာ နှစ်နေရာ မှာ ဆက်ပေးရမယ်။

OTDR-trace-info

အနှစ်ချုပ်လိုက်ရင် OTDR က Fiber Cable က ဘယ်လောက်အကွာအဝေး ဘယ်လောက်မှာ ပြတ်နေတယ်ဆိုတာကို ပြပေးတယ်။ ပြီးရင် ဘယ်လောက် အကွာအဝေးမှာ Fiber ခေါက်နေလဲဆိုတာကို ပြပေးတယ်။ ဘယ်လောက် အကွာအဝေးမှာ Fiber နာနေလဲဆိုတာကို ပြပေးတယ်။ ဒါတွေကို OTDR Display မှာပြတဲ့ Power Loss ကို ကြည့်ပြီး ဆုံးဖြတ်ရတယ်။

Fiber Cable  အသုံးပြုနည်း (Part 2) သို့

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

One thought on “Fiber Cable အသုံးပြုနည်း (Part 1)

Leave a Reply

Your email address will not be published. Required fields are marked *