How-to

Fiber Cable အသုံးပြုနည်း (Part 2)

Fiber Cable အသုံးပြုနည်း (Part 1) မှအဆက်

Media Converter

Switch တွေမှာ Fiber Connector (SC, LC, MTRJ) တွေ ချိတ်ဖို့ Port မပါဘူးဆိုရင် Device တစ်ခု ၀ယ်ဖို့ လိုမယ်။ ထို Device ကို Media Converter လို့ခေါ်တယ်။ ထို Media Converter မှာ Switch နဲ့ ချိတ်ဖို့ RJ45 port နဲ့ Fiber Connector ၀င်ဖို့ SC, LC, MTRJ တစ်ခုခု Port ပါလိမ့်မယ်။ အနှစ်ချုပ်ပြောရရင် Port နှစ်ခုပါတာပေါ့။ RJ45 port နဲ့ (SC or LC or MTRJ) Port တွေပေါ့။

media

Media Converter မှာ 100baseFX, 1000BaseLX စသည်ဖြင့် Standard တွေရှိသေးတယ်။ 100baseFX Media Converter မှာဆိုရင် Multimode Fiber Cable ဘဲ ချိတ်ခွင့်ရှိမယ်။ Speed က 100 Mbps နဲ့ Meter 500 ထိပဲရမယ်။100BaseFX မှာ ကျွန်တော်ပြောတဲ့ အချက်အလက်တွေ ဘယ်လိုသိနိုင်မလဲဆိုရင် 100BaseFX media Converter ရဲ့ Specification မှာ ဖော်ပြလေ့ရှိတယ်။ မြန်မာပြည်မှာတော့ Fiber Media Converter ကိုတော့ ဘားလမ်းမှာရှိတဲ့ Access Spectrum မှာ၀ယ်လို့ရတယ်။ Fiber cable ၀ယ်ရင်တော့ ကျွန်တော်တို့ စွန်လွှတ်တဲ့ ရစ်ဘီး အကြီးစားမှာ Fiber Cable တွေကို ပတ်ထားတာကို ၀ယ်ရတယ်။ တနည်းအားဖြင့် Drum အလိုက် ၀ယ်ရတာပေါ့။ Drum တစ်ခုမှာ Fiber ကြိုး ဘယ်လောက် Kilometer ပါလဲဆိုတာရှိသေးတယ်။

Media converter မသုံးပဲ ချိတ်နည်း

တချို့ Switch တွေမှာ GBIC, SFP Slot တွေ ပါတာ တွေ့ဖူးကြမှာပါ။ အဲ့ဒီ Slot တွေမှာ Fiber Port ပါတဲ့ GBIC Module, SFP Module တွေ တပ်လိုက်ရင် Media Converter တွေခံစရာမလိုဘဲ Fiber Connector တွေ Switch ထဲကို တိုက်ရိုက် ထည့်လို့ရသွားမယ်။ SFP module မှာ LC Connector တပ်ဖို့ LC port ပါပြီး GBIC Module SC/MT-RJ Connector Port ပါတယ်။

switch

အပြင်မှာ တကယ် လက်တွေ့ ချိတ်ကြတာက Fiber က လာတဲ့ ကြိုးကို Media Converter ထဲ တိုက်ရိုက် မထည့်ကြဘူး။ ODF (Optical Distribution Frame) ထဲမှာ အရင်ထည့်တယ်။ ပြီးမှ ထို ODF Frame က port နဲ့ Media Converter ရဲ့ Fiber Port ကို Fiber Patch Cord Cable သုံးပြီး ချိတ်လိုက်တယ်။ ODF ထဲမှာ Fiber cable ကြိုး၀င်တယ်။ ပြီးရင် Fiber ကြိုးကို ခွဲပြီး ထွက်လာတဲ့ Fiber မျှင်နဲ့ ODF ထဲက Fiber မျှင် (Pigtail Fiber) တို့ကို Splicing လုပ်ပေးရတယ်။

ကျွန်တော်တို့ အထက်ကပုံစံလိုမျိုး Builidng တစ်လုံနဲ့ တစ်လုံး Fiber ချိတ်ရမယ်ဆိုရင် OTDR, Power Meter, Splicing Machine တွေရှိမှ ချိတ်နိုင်မှာလားမေးစရာရှိတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ Device တွေက အရမ်းဈေးကြီးတာကိုး။ အဲ့ဒီ Device တွေ မသုံးဘဲနဲ့လည်း Fiber တွေ ချိတ်သုံးနိုင်တယ်။ Pigtail ကြိုးဆက်ရင် Mechanical Spicing နဲ့ ကြိုးဆက်မယ်။ ပြီးရင် Ping Tail ရဲ့ Fiber Connector ကို Media Converter ထဲထည့်မယ်။ ပြီးရင် Media Connector နဲ့ Switch ကိုချိတ်လိုက်မယ်။ Switch ထဲကြိုးရောက်ပြီးတဲ့အခါ ထို Switch မှာ ချိတ်ထားတဲ့ Computer နဲ့ တခြားဖက်ရဲ့ Switch မှာ ချိတ်ထားတဲ့ Computer အချင်းချင်း Ping ကြည့်လို့ ရရင် Connection ရပြီ။ မရမချင်း Mechanical Splice ပြန်လုပ်ရမှာပါ။

network

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

One thought on “Fiber Cable အသုံးပြုနည်း (Part 2)

Leave a Reply

Your email address will not be published. Required fields are marked *