News

လှိုင်သာယာတွင် ပိုမို ဈေးသက်သာမည့် အိမ်ရာတည်ဆောက်မည်

Apartment in myanmar

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အကောင်အထည်ဖော်မည့် ရတနာနှင့် ဧရာဝဏ်တန်ဖိုးနည်း အိမ်ရာများထက် ပိုမို ဈေးသက်သာမည့် အိမ်ရာတစ်ခုကို လှိုင်သာယာမြို့နယ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လှိုင်သာယာမြို့နယ်မှ တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများကို ငွေကျပ် သိန်း ၁၀၀ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများကို ပြင်ဆင်မှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအိမ်ရာအတွက် လိုအပ်သည်များကို ပြင်ဆင်နေပြီး လိုအပ်သည့် အခြေခံ အဆောက်အအုံများကို အပြီး ဆောက်သွားမည် ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်တွင် တည်ဆောက်မည့် အဆိုပါ တန်ဖိုးနည်း အိမ်ရာကို အများဆုံး ခြောက်ထပ်အထိသာ တည်ဆောက်မည်ဖြစ်ပြီး အိမ်ခန်းပေါင်း ၃၀၀၀မှ ၄၀၀၀အထိ ရှိမည် ဖြစ်သောကြောင့် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့သော Urban Development Conferenceမှ သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “လှိုင်သာယာတွင် ပိုမို ဈေးသက်သာမည့် အိမ်ရာတည်ဆောက်မည်

  1. ei hnin phyo says:

    တန်ဖိုးနည်းအိမ်ယာဆောက်တာတော့ကောင်းပါတယ်ဒါပေမယ့်လှိုင်သာယာမှာဆိုတော့အဝေးကြီးပဲ

  2. Myo Thiha says:

    အမှန်တကယ် ဆင်းရဲချို့ တဲ့သောသူများအတွက် ရရှိနိုင်သောအခွင့်ရေးကောင်းများဖြစ်သလို အမှန်တကယ် ဆင်းရဲသူများလက်ဝယ် ထံသို့ ရရှိပါကပိုမိုကောင်းမွန်သော အကျိုးရလဒ်များဖြစ်နိုင်မည်မှာ အသေချာဆုံးပင်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *