How-to

English စကားလုံးတွေရဲ့ Definiton တွေကိုသိနိုင်ဖို့ Dictionary Bubble

Internet အသုံးပြုတဲ့အခါ သင်မသိတဲ့စကားလုံးတွေ အမြဲတွေ့မြင်ရမှာပါ။ အဲဒီစကားလုံးရဲ့ Definition ကိုသိချင်ရင် စကားလုံးကို ကော်ပီကူးပြီး Google Searchကနေ Definitionကို ရှာဖွေရပါတယ်။ အဲဒီစကားလုံးကို Double Clickနှိပ်လိုက်တာနဲ့  Definitionကို သိနိုင်မယ့်နည်း မရှိဘူးလား? ရှိပါတယ်။ Dictionary Bubbleဆိုတဲ့ Chrome Extensionကိုသုံးရင် စကားလုံးကို Double Clickနှိပ်လိုက်တာနဲ့ Definitonကို ပြပေးမှာပါ။

Dictionary Bubbleကို အင်စတောလုပ်ပြီးရင် ၀က်ဆိုက်တွေ ကြည့်နေရင်းက မသိတဲ့ စကားလုံး တစ်ခုကို Double Clickနှိပ်ပါ။ Extensionကို အင်စတော မလုပ်ခင်ကဖွင့်ထားတဲ့ Pagesတွေကိုတော့ Refresh လုပ်ပေးရပါမယ်။ ဒါဆိုရင် Bubble တစ်ခု ပေါ်လာမှာဖြစ်ပြီး Definitionကို သိနိုင်ပါပြီ။ စကားလုံးရဲ့ အသံထွက်ကို နားထောင်ချင်ရင် Speaker Iconကို နှိပ်ပါ။ အဲဒီစကားလုံးနဲ့ပတ်သက်ပြီး ပိုမို လေ့လာချင်သေးရင် More Linkကို နှိပ်ပါ။ ဒါဆိုရင် goodwordguide.comကို ရောက်သွားမှာ ဖြစ်ပြီး ဆက်လက် လေ့လာနိုင်ပါတယ်။

Chrome Address Barရဲ့ ဘေးမှာလည်း Extension Iconကို တွေ့မြင်နိုင်ပြီး Iconကို နှိပ်ပြီးတော့လည်း စကားလုံး တွေရဲ့ Definitionကို ရှာနိုင်ပါတယ်။ Optionsမှာတော့ Shortcut key (or) Trigger Keyကို သတ်မှတ်နိုင်ပါတယ်။ Word (or) Phraseတွေရဲ့ Definitionကိုလည်း ပြပေးနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ Font Sizeကိုလည်း သတ်မှတ်နိုင်ပါတယ်။


Dictionary Bubbleကို Chrome Web Storeမှာ Install လုပ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *