News

အခြေခံဥပဒေနဲ့ ပတ်သက်၍ အကြံပြုချက်များ နိုဝင်ဘာ ၁၅ရက် မတိုင်မီပို့နိုင်

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ အကြံပြုလိုသည်များ ရှိပါက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် လာမည့် နိုဝင်ဘာ ၁၅ရက် မတိုင်မီ ပေးပို့နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူပေါင်း ကော်မတီက အောက်တိုဘာ ၃ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အများပြည်သူ၏ သဘောထားကို ကျယ်ပြန့်စွာ သိရှိနိုင်ရန် အလို့ငှာ မိမိတို့ ကော်မတီသည် ဥပဒေပြုရေး မဏ္ဏိုင်၊ အုပ်ချုပ်ရေး မဏ္ဏိုင်၊ တရားစီရင်ရေး မဏ္ဏိုင်များထံမှ ၎င်းတို့ လေ့လာသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်မှ တစ်ဆင့် တောင်းခံသွားမည် ဖြစ်ပြီး နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များထံမှ အကြံပြုချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထံမှ တစ်ဆင့်လည်းကောင်း (သို့မဟုတ်) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အတွင်းရေးမှုးထံသို့ လိပ်မူ၍လည်းကောင်း ပေးပို့နိုင်ကြောင်း အဆိုပါ ကော်မတီမှ သတင်း ထုတ်ပြန်သည်။

ဖွဲ့စည်းပုံ အခြခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို ဇူလိူင်၂၅ရက်က အဖွဲ့ဝင် ၁၀၉ဦးဖြင့် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ပြီး သြဂုတ်၂၃ရက်နှင့် စက်တင်ဘာ ၃၀ရက်တို့တွင် အစည်းဝေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “အခြေခံဥပဒေနဲ့ ပတ်သက်၍ အကြံပြုချက်များ နိုဝင်ဘာ ၁၅ရက် မတိုင်မီပို့နိုင်

  1. Thaw Dar Win says:

    မင်းကျင့်တရားနဲ့အညီ လုပ်ပေါ့

Leave a Reply

Your email address will not be published. Required fields are marked *