News

၀တ်ပြုပွဲတွင် ဗုံးပေါက်ကွဲမှု အာဖဂန်ပြည်နယ် အုပ်ချုပ်ရေးမှုးတစ်ဦးသေဆုံးပြီး အီရတ်တွင်လည်း ၁၂ဦးသေ

အာဖန်နစ္စတန်နိ်ုင်ငံ လိုဂါပြည်နယ်ရှိ ဗလီတစ်ခုတွင် အောက်တိုဘာ ၁၅ရက်က မွတ်စလင်အစ်ဒ်ပွဲတော်အတွက် ဝတ်ပြုဆုတောင်းအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လိုဂါပြည်နယ် အုပ်ချုပ်ရေးမှုး အာဆလာဂျမဲ သေဆုံးခဲ့ကြောင်းသိရသည်။

“အစ်ဒ်ပွဲတော်အတွက် ၀တ်ပြုဆုတောင်းအပြီး အုပ်ချုပ်ရေးမှုး အာဆလာဂျမဲ မိန့်ခွန်းပြောကြားနေတုန်း မိုက်ခရိုဖုန်းထဲမှာထောင်ထားတဲ့ ဗုံးကပေါက်ကွဲခဲ့တာပါ ” ဟုဂျမဲတ်ပြော၏ခွင့်ရပုဂ္ဂိုဒင်မိုဟာမတ်ဒါ၀စ်ကပြောကြားခဲ့သည်။ ဂျမဲကအစ်ဒ်အစ်ပွဲတော်တွင် အားလုံးကို၀မ်းမြောက်ဂုဏ်ပြုစကား ပြောကြားချင်ခဲ့ကြောင်း ယင်းပေါက်ကွဲမှုအတွင်း အရပ်သားနှင့် အစိုးရ၀န်ထမ်းများအပါအ၀င် (၁၈)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း လည်းပြောကြားခဲ့သည်။ ယင်းပေါက်ကွဲမှုအတွက် မည်သည့်အဖွဲ့ကမျှ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်းထွက်ဆိုခြင်းမရှိသေးပေ။

ဂျမဲသည် လိုဂါပြည်နယ်၏ အုပ်ချုပ်ရေးမှုးအဖြစ် ပြီးခဲ့သည့် ဧပြီလတွင် ခန့်အပ်ခံရပြီး သမ္မတ ဟာမစ်ကာဇိုင်းနှင့် ရင်းနှီးသော မဟာမိတ်တစ်ဦးအဖြစ်သတ်မှတ်ခံရသူဖြစ်သည်။ ယင်းမတိုင်မီ ကလည်း နိုင်ငံအရှေ့ပိုင်းရှိ ခို့စ် ပြည်နယ်အုပ်ချုပ်ရေးမှုအဖြစ် ဆောင်ရွက်ခဲ့သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အခြားရာထူးများတွင်ခန့်အပ်မခံရမီ နိုင်ငံခြားအန်ဂျီအိုအဖွဲ့များတွင်လုပ်ကိုင်ခဲ့သည်။ မြို့တော် ကဘူးလ်တောင်ဘက်ရှိ လိုဂါပြည်နယ်ကို မဟာဗျူဟာမြောက်ဒေသအဖြစ်ယူဆထားပြီး နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတွင်ကြီးစိုးထားသော တာလီဘန်စစ်သွေးကြွ များအတွက် ကဘူးလ်သို့တံခါးပေါာက်အဖြစ်လည်းရည်ညွန်းကြသည်။ လိုဂါပြည်နယ်လုံခြုံရေးသည် နေရာအချို့တွင် တာလီဘန်တို့၏ လွှမ်းမိုးခြယ်လှယ်မှုနှင့် အတူပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပျက်စီးယိုယွင်းလာခဲ့သည်ဟုဆိုသည်။

အလားတူ အီရတ်မြောက်ပိုင်းကာကွတ်မြို့တွင် အောက်တိုဘာ၁၅ရက်က ဗလီတစ်ခုမှ ၀တ်ပြုပြန်လာသူများအား ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၂ဦးသေဆုံးသွားကြောင်း သိရသည်။ ဆွန်နီမွတ်စလင်တို့၏ ဗလီတစ်ခုအနီး၌ ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုတွင် ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။

သေဆုံးသူများတွင် ကလေးသုံးဦးရဲတစ်ဦးနှင့် စစ်သားတစ်ဦးတို့ပါ၀င်ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းအလွန်လျှော့နည်းသွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် အီရတ်နိုင်ငံအတွင်းဂိုဏ်ဂဏပြသာနာ များကြောင့် ယခုအခါပြန်လည်ဖြစ်ပွားလျှက်ရှိပြီး လွန်ခဲ့သည့်လများအတွင်း အကျဉ်းထောင်များ၊ ကော်ဖီဆိုင်များ၊ ဈေးများ၊ ဗလီများ၊ ဘောလုံးကွင်းများ၊ မင်္ဂလာအခမ်းအနားများနှင့် နာရေးများတွင် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည်။

၂၀၀၆ခုနှစ်မှ ၂၀၀၇ ခုနှစ်အကြားဆွန်နီနှင့် ရှီအိုက်မွတ်စလင်အုပ်စုတို့အကြား တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်ဟုဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *