Mobile

Xperia Z1 , Z Ultra နဲ့ Smartwatch 2 တို့ကို U.S မှာ၀ယ်ယူရရှိနိုင်ပြီ။

Sony ရဲ့ Smartphones တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ လက်ပတ်နာရီကို ဒီနှစ်အစောပိုင်းကဆန်းသစ်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီနေ့တော့ U.S မှာ၀ယ်ယူရရှိပါပြီ။ SmartWatch 2 ကို Sony ရဲ့ Store တွေကနေ၀ယ်ယူရရှိနိုင်ပါပြီ။ Camera မပါရှိပေမယ့် 1.6 လက်မရှိပြီး ရောင်ပြန်ဟပ်တဲ့ Screen ပါရှိပါတယ်။ Gmail,Facebook,SMS,Twitter တို့ကို အသုံးပြုနိုင်ပြီး Android 4.0 နဲ့သူ့အထက်က Smartphone တွေနဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်တဲ့ NFC ပါရှိပါတယ်။

ရေစိုခံ Xperia Z1 (HSPA+,$670) နဲ့ Xperia Z Ultra(HSPA+:$649.99,LTE: $679.99) တို့ကိုလည်း ဒီနေ့၀ယ်ယူရရှိနိုင်ပါပြီ။ Devices အားလုံးကို အနက်ရောင်၊အဖြူရောင် နဲ့ ခရမ်းရောင် ရွေးချယ်၀ယ်ယူနိုင်ပါတယ်။ Z Ultra တစ်မျိုးတည်းကသာ LTE Connectivity ပါရှိမှာဖြစ်ပါတယ်။ ရေစိုခံတဲ့ Xperia Z1 ၀ယ်မလား ? 4G သုံးနိုင်မယ့် Z Ultra ၀ယ်မလား? ဆိုတာ စာဖတ်သူ များရွေးချယ်ပေးကြပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *