News

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကိုယ်ပိုင် Call Center တစ်ခုတည်ထောင်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကိုယ်ပိုင် Call Center တစ်ခုတည်ထောင်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကိုယ်ပိုင် Call Center တစ်ခုတည်ထောင် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ မေးမြန်းနိုင်ရန်အတွက် ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။ အဆိုပါအစီအစဉ်ကို ဂျပန်နိုင်ငံ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများနှင့်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

“သုံးစွဲသူဝန်ဆောင်မှု တစ်ရပ်အနေနဲ့ Call Center စီမံခန့်ခွဲခြင်း၊ POS အရည်အသွေး ဆောင်ရွက်ခြင်းတွေကို အကောင်အထည်ဖော် သွားမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် ဂျပန်ဆက်သွယ်ရေး ကုမ်ပဏီ KSGM (Joint Operation)၏ မန်နေဂျင်းဒါရိုက်တာ တကရှီနာဂရှီမက ပြောသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *