News

အခြေခံ ပညာကျောင်းများ ပြန်ဖွင့် တော့မည်ဖြစ်သော်လည်း ဆရာ / ဆရာများ လိုအပ် လျက်ရှိ ဟုဆို

မကြာမီကာလတွင် ဝဿန်မိုးစက်များနှင့် အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ ဇွန်လ (၃)ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ယခုနှစ် ၂၀၁၃/၂၀၁၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၇ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ သတ် မှတ်ထားခဲ့ပြီး ပညာရေး ဝန်ကြီးဌာနမှလည်း မူလတန်းအဆင့် ပညာမသင်မနေရ အခမဲ့ ပညာရေးစနစ်ကို စမ်းသပ် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ် သည်။ ကျောင်းအပ်လက်ခံရာတွင် မြန်မာ တစ်နိုင်ငံလုံးရှိ မူလတန်းအဆင့် ကလေးသူ ငယ်များကို ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာ စာအုပ် (လေ့ကျင့်ခန်း) စာအုပ် ၆အုပ်အပြင် ငွေကျပ်တစ်ထောင် ထောက်ပ့ံသွားမည်ဟု ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ တစ်နို်င်ငံလုံးရှိ အခြေခံပညာ ကျောင်းများကို ဇွန်လ (၃)ရက်နေ့တွင် တစ်ပြိုင်နက် ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်သော်လည်း တချို့ ကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများ အငြိမ်းစားယူ ခြင်းကြောင့် ဆရာ၊ ဆရာမ များ လစ်လပ် လိုအပ်လျက် ရှိသည်။ အမက (၂၅) သာကေတ ကျောင်းတွင်လည်း ဆရာမ (၃)ဦးခန့် လိုအပ်နေကြောင်း ကျောင်းသား မိဘ တစ်ဦးထံမှ သိရသည်။ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း ၂၀၁၃/၂၀၁၄ ပညာသင် နှစ်အတွက် လိုအပ်သော ကျောင်းများကို ဆရာ၊ ဆရာမများ ဖြည့်ဆည်း ခန့်ထားသင့် ပါကြောင်း တင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *