How-to

Browsers တွေမှာ Zawgyi , Unicode နှစ်မျိုးလုံး ဖတ်လို့ရအောင် ပြုလုပ်နည်း

 

အရင်ဆုံး ကွန်ပြူတာမှာ      Zawgyi ဖောင့် ၊ Myanamr 3 ဖောင့် နှစ်ခုကို အရင် အင်စတောလုပ်ထားရပါမယ်။ ဖောင့်ဖိုင်နှစ်ခုကို Double Click နှိပ်ပြီး အလွယ်တကူ အင်စတောလုပ်နိုင်ပါတယ်။ Search Box ကနေ Fonts လို့ရိုက်ပြီး ဖောင့်ဖိုဒါပေါ်လာရင် ဖွင့်ပြီး ဖောင့်ဖိုင်နှစ်ခုကို Drag and Drop လုပ်ပြီးလည်းအင်စတောလုပ်နိုင်ပါတယ်။  ပြီးရင်တော့ Zawgyi Force , Unicode Force ဆိုတဲ့ Bookmarklet နှစ်ခုကို ဒေါင်းလုပ်လုပ်ပါ။ ဒေါင်းလုပ်လုပ်ပြီးရင် Browsers တွေက Bookmark Bar ပေါ်ကို Drag and Drop လုပ်ပါ။ အောက်ကပုံကတော့ Firefox Bookmark Bar ပေါ်မှာ Bookmarklet နှစ်ခုကို Drag and Drop လုပ်ထားတာပါ။

 

Ashampoo_Snap_03

နောက်ဆုံးအဆင့်အနေနဲ့ Browsers တွေက Font Settings မှာ Zawgyi Font ကိုသတ်မှတ်ပေးရပါမယ်။

Firefox

Firefox ရဲ့ Options ထဲကိုသွားပြီး Content tab ကို နှိပ်ပါ။ Default Font မှာ Zawgyi ကိုရွေးပါ။ Advanced ကိုနှိပ်ပါ။

Ashampoo_Snap_04

အောက်ကပုံမှာပြထားတဲ့အတိုင်း Zawgyi ဖောင့်တွေပြောင်းပေးပါ။ “Allow pages to choose their own fonts……” မှာလည်း အမှန်ခြစ်ပေးပါ။ Fallback Character Encoding မှာ Unicode (UTF-8) ရွေးပေးပါ။ OK နှိပ်ပါ။

Ashampoo_Snap_06

Unicode ၀က်ဆိုက်တွေကြည့်လို့အမှန်မမြင်ရရင် Bookmark Bar က Unicode Force ကို နှိပ်ပါ။ ဒါဆိုရင် မြန်မာစာတွေအမှန်မြင်ရပါပြီ။

 

Chrome

Chrome မှာ Settings>Show advanced settings ကို၀င်ပါ။ Web Content အောက်က Customize Fonts ကိုနှိပ်ပါ။ ဖောင့်တွေအားလုံးကို Zawgyi ပြောင်းပေးပြီး Encoding မှာ Unicode (UTF -8) ပြောင်းပေးပါ။ Done ကိုနှိပ်ပါ။

 

Ashampoo_Snap_08

Unicode ၀က်ဆိုက်တွေကြည့်ရင် Bookmark Bar က Unicode Force ကိုနှိပ်ရင် မြန်မာစာအမှန်မြင်ရပါပြီ။

တစ်ခြား Browsers တွေမှာလည်း ဒီနည်းအတိုင်းပဲပြုလုပ်နိုင်ပါတယ်။ စာဖတ်သူမှာ ဒီထက်ကောင်းတဲ့နည်းတွေရှိရင်လည်း မျှဝေခဲ့ပါအုံး။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *