News

ပထမဆုံး လမှာတင် Galaxy Note 3 အလုံးရေ ငါး သန်း ရောင်းချရ

Smartphone ဈေးကွက်မှာ ပိုကြီးတာ က ပိုရောင်းကောင်းတယ်လို့ပြောရမလိုပါပဲ။ မကြာမီက Samsung  ကသူ့ရဲ့  Galaxy Note 3 Phablet ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ တစ်လ အတွင်းမှာပဲ Note 3 အလုံးရေ ငါး သန်း ရောင်းချခဲ့ရတယ်လို့  Samsung CEO JK Shin က အတည်ပြုပြောကြားပါတယ်။

Samsung ရဲ့  ဖုန်းတွေထဲမှာတော့ Note 3 ကတော်တော် အထင်ကြီးစရာ အချက်တွေပြည့်နေပါတယ်။ S Pen ရဲ့  လိုအပ်ချက်လေးတွေကိုလည်း ပြုပြင်နိုင်ခဲ့ပါတယ်။ တစ်ခြား ဖုန်းတွေ မှာ မရှိတဲ့ Functions တွေ Note 3 မှာ ရှိနေပါတယ်။

July လကနေ August လ အပိုင်းအခြား မှာ Smartphones အလုံးရေပေါင်း 88.4 သန်း ရောင်းချ ခဲ့ရပါတယ်။ Apple အပါအ၀င် ပြိုင်ဖက် Company တွေအားလုံးပေါင်းထက် လည်း ဖုန်း တွေ ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ အခုလည်း Note 3 ကြောင့် Samsung ရဲ့ရောင်းအားဟာ ထပ်တက်လာအုံးမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *