Gaming

Blood Lad

Title – Blood Lad
Genre – Action, Super Natural
Studio – Brain’s Base
No. of Episodes – 10
Rating – 3.5 out of 5

Blood Lad Animation ဇာတ်လမ်းတွဲသစ်ဟာ စာရေးဆရာ Yuuki Kodamaရဲ့ Blood Lad Manga ဇာတ်လမ်းကို မှီငြမ်းထားတဲ့ စီးရီးသစ် ဖြစ်ပြီး သွက်လက်တဲ့ Animation ဇာတ်လမ်းနှင့် ရယ်စရာ ဟာသဇာတ်ဝင်ခန်းများကို မျှတအောင်ရောစပ်ပေးထားနိုင်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်တာကို တွေ့ရမှာပါ။ Blood Ladကို Blood Lad နိုင်ငံတွင် သာမက နိုင်ငံတကာ ပရိသတ်အတွက်ပါ English စာတန်းထိုးဖြင့် July လမှ Septemberလ အထိ Viz Media ရဲ့VizAnime Websiteမှာ ထုတ်လွှင့် ပြသခဲ့တဲ့အတွက် ပရိသတ်အားလုံး တစ်ပြိုင်တည်း ကြည့်နိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲသစ် ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက် ကတော့ Staz ဖြစ်ပြီး သူဟာ မိစ္ဆာများ နေထိုင်ရာ Demon Worldမှ သွေးစုပ်ဖုတ်ကောင် Vampire တစ်ယောက်ဖြစ်ပါတယ်။ Demon World အတွင်း နေထိုင်ကြတဲ့ မကောင်းဆိုးဝါးတွေ အနေနှင့် ကိုယ်ပိုင် စွမ်းအင်မျိုးစုံ ရှိကြသလို Staz တို့လို Vampireတွေ အနေနဲ့က Demon World အတွင်းသာမက လူသားလောကကိုပါ သွားရောက်နိုင်တဲ့ စွမ်းအင်မြင့် မျိုးနွယ်စုများ ဖြစ်သလို Staz အနေနှင့် အရှေ့ Demon Worldမှ မိစ္ဆာများကို တိုက်ခိုက်အနိုင်ယူကာ နယ်မြေပိုင်ရှင် Territory Boss အဖြစ် စတင်နေထိုင်နေချိန်၌ Fuyumi အမည်ရ Demon World အတွင်း မျက်စိလည် လမ်းမှားပြီး ဝင်ရောက်လာပုံ လူသားကောင်မလေးနှင့် တွေ့ဆုံချိန်မှာ ဇာတ်လမ်းစတင်ထားပါတယ်။ Staz အနေနှင့် လူသားများ သွေးကို သောက်သုံးသည့် Vampire  တစ်ယောက်ဖြစ်တဲ့ အတိုင်း Fuyumiကို တွေ့တွေ့ချင်း စိတ်ဝင်စားသွားပေမည့် နယ်မြေလာလုတဲ့ ရန်သူနှင့် Staz ရဲ့ တိုက်ပွဲကြားမှာ Fuyumiဟာ အသားစားအပင်ရဲ့ အစားခံထိပြီး လူသားအဖြစ်မှ Demon Worldရဲ့ သရဲအဖြစ် ဘဝပြောင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ Stazဟာ Fuyumiကို သူသဘောကျတဲ့ လူသားအသွင် ပြန်လည်ရရှိအောင် ကြိုးစားရန် ဆုံးဖြတ်ချက်ချပြီး တစ်နေရာမှ တစ်နေရာ Teleport  ပို့ဆောင်နိုင်သော Bellနှင့် အခြားအပေါင်းအဖော်များ၏ အကူအညီဖြင့် Fuyumiကို အသက်သွင်းဖို့ ခရီးနှင်ပုံဖြင့် ဇာတ်လမ်း ဆင်ထားပါတယ်။

Young Ace လစဉ်ထုတ် Magazineမှာ 2009 ကတည်းက Manga Comics Book စီးရီးအဖြစ် စတင်လာတဲ့ Blood Ladဟာ ယခုဆိုရင်တော့ Chapter 40 ကျော်ထွက်ရှိထားပြီး ဖြစ်ပေမည့် Animation ဇာတ်လမ်းအနေနှင့်ကတော့ အပိုင်း ၁၀ ပိုင်းနှင့်ပဲ ဇာတ်သိမ်းထားသလို မူရင်း ဇာတ်လမ်းကလည်း မပြီးသေးတဲ့အတွက် Staz အနေနှင့် Fuyumiအား ကယ်တင်နိုင်ခြင်း ရှိမရှိကိုတော့ Manga ဆက်ဖတ်ပြီးမှ သိရမှာ ဖြစ်ပေမည့် စိတ်ဝင်စားဖွယ် ဇာတ်ကောင်ဒီဇိုင်းများ၊ Demon Worldရဲ့ နောက်ခံသမိုင်းကြောင်းနှင့် အချိန်တိုအတွင်းမှာ မိတ်ဆက်ပေးထားတဲ့ ရယ်စရာဇာတ်ကောင် အများစုကြောင့် ဇာတ်လမ်း တစ်ဝက်လောက်မှာ ဇာတ်သိမ်းထားပေမည့် Episode တိုင်းက ကြည့်လို့ကောင်းတာကို တွေ့ရမှာပါ။ အဓိကဇာတ်ကောင် Staz ရဲ့ အသံသရုပ်ဆောင် Ryota Osakaဟာ 2013မှာ Valvrave The Liberatorနှင့် Hataraku Mao-Sama! ဇာတ်လမ်းတွေနှင့် နာမည်ရလာသူ ဖြစ်ပြီး Anime နှင့် Video Gamesတွေ နှစ်သက်တဲ့ Otaku Staz နေရာမှာ ဟာသခန်းတွေကော၊ တိုက်ခိုက်ခန်းတွေ အတွက်ပါ  အသက်ပါအောင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပြီး Studio Brain’s Base အနေနှင့်လည်း အပိုင်းနည်းပေမည့် Demon World နှင့် ဇာတ်ကောင်အားလုံးကို Animation Quality ကောင်းကောင်း၊ အရောင် စိုစိုပြည်ပြည်ဖြင့် ဖန်တီးထားပေးနိုင်တာ တွေ့ရပါတယ်။ Blood Lad ဇာတ်လမ်းဟာ ဆင်တူရိုးမှား ဇာတ်လမ်းတွေကို ရှောင်လိုတဲ့ Action နှင့် Comedy ဇာတ်လမ်းပရိသတ်အားလုံး သဘောကျ စီးရီးသစ်ဖြစ်ပြီး Animation Series ကြည့်လို့ ပြီးသွားရင်တော့ Season 2 ထွက်ရှိ ဖို့ လောလောဆယ် အစီအစဉ်မရှိသေးတဲ့ အတွက်ကြောင့် ဘာတွေဆက်ဖြစ်မလည်း သိချင်ရင် Blood Lad Mangaကို ဆက်လက် ဖတ်ရှုသင့်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *