News

Gothere Myanmar Family Locator Mobile APPs စတင်အသုံးပြုနိုင်

Mobile စနစ်ဖြင့် မိသားစုဝင်များ သွားလာလှုပ်ရှားမှုများကို အချိန်မရွေး သိရှိနိုင်သော Gothere Myanmar Family Locator Mobile Application ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ ၄င်း Appsသည် လူအများ သိရှိပြီး ဖြစ်သော GPS အခြေခံ စနစ်မျိုး မဟုတ်ပဲ GPS မရှိသော (သို့မဟုတ်) မမိသော Android Handset များနှင့် Tablets များတွင် ထည့်သွင်း အသုံးပြုနိုင်သည်ဟု ဆိုသည်။

Family Locatorစနစ် ထည့်သွင်းထားသည့် ဖုန်းများတွင် အင်တာနက်ဝန်ဆောင်မှုရှိရန် လိုအပ်သော်လည်း အမြဲဖွင့်ထားရန် မလိုအပ်ပေ။ ၄င်း Applicationမှ လိုအပ်သော အချိန်တွင် အလိုအလျောက် ဖွင့်ပေးမည် ဖြစ်သည်။ Mobile Deviceများ၏ ရွေ့လျားမှုကို အခြေခံထားသောကြောင့် အင်တာနက် အသုံးပြုမှုမှာ တစ်ရက်လျှင် မိနစ်ခြောက်ဆယ်ထက် ပိုမသုံးရပေ။ ထို့အပြင် ဖုန်းပျောက်ချိန်တွင် အလွယ်တကူ ရှာပေးနိုင်မည် ဖြစ်ပြီး ဖုန်းပါဝါပိတ်နေချိန်တွင် ပါဝါမပိတ်မှီ နောက်ဆုံး အချိန်အထိ တည်နေရာကို ဖော်ပြပေးနိုင်သည်။

သံလိုက်အိမ်မြှောင်စနစ်ဖြင့် မိသားစုဝင်များ တည်ရှိနေသော အရပ်မျက်နှာနှင့် အကွာအဝေးကိုပါ ဖော်ပြပေးနိုင်ပြီး တည်နေရာကို ပြန်လည်ကြည့်ရူရာတွင် Gothere Myanmar Map, Google Map, Google Satellite Map တို့ကို အသုံးပြုနိုင်သည်။ ၄င်းစနစ်ကို အသုံးပြု လိုပါက Android Version 2.3 အနည်းဆုံး ရှိရမည်ဟု ဆိုသည်။ ထို့အပြင် Gothere Myanmar တစ်နှစ်စာ ၂၀၀၀ ကျပ်တန် Giftcard ထည့်သွင်းရမည်။

ယခင်က ထည့်သွင်းထားသူများသည် နောက်တစ်ကဒ် ထပ်ဖြည့်ရန် မလိုပေ။ Family Locator အတွက် တစ်နှစ်စာ ၂၀၀၀ကျပ်သည် အချိန်ကာလ ကန့်သတ်ချက်ရှိပြီး Promotion ကာလကျော်လွန်ပါက ဈေးနှုန်း အပြောင်းအလဲ ရှိသည်ဟု ဆိုသည်။ Gothere Giftcard များကို နီးစပ်ရာ ဖုန်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *