Web Browserတွေမှာ သင့်ရဲ့ Private Dataတွေဖြစ်တဲ့ history, cookies, searches, downloads စတာတွေအပြင် တစ်ခြားဒေတာတွေကို သိမ်းဆည်းထားပါတယ်။ အဲဒီ Dataတွေကို မရှင်းရင် တစ်ခြားသူတွေက သင်ကြည့်တဲ့၀က်ဆိုက်တွေ၊ Login Passwordတွေစတဲ့ Private Dataတွေကို တွေ့မြင် သွားနိုင်ပါတယ်။ အဲဒီ Dataတွေကို ရှင်းဖို့ Browserတွေရဲ့ Setting, Optionတွေထဲမှာ ရှင်းနိုင်ပါတယ်။ ဒါတွေရှင်းရတာ အလုပ်ရှုပ်တယ်လို့ သင်ထင်ရင် သင့် Browserကို အသုံးပြုပြီးလို့ ပိတ်လိုက်တိုင်း အလိုအလျှောက် ရှင်းပြီးသားဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
Google Chrome
Google Chromeမှာ အသုံးပြုပြီးလို့ ပိတ်လိုက်တိုင်း သင့် Private Dataတွေကို ရှင်းပေးနိုင်တဲ့ Functionမရှိပါဘူး။ ဒါပေမယ့် Cookieတွေကိုတော့ ရှင်းပေးနိုင်ပါတယ်။ Cookieဆိုတာက Web Servicesတွေက သင့် Personal Accountအတွက် Browser မှာသိမ်းထားတဲ့ သတင်းအချက်အလက် ဖိုင်လေး ဖြစ်ပါတယ်။ Cookieတွေကို မရှင်းပစ်ရင် သင့်အကောင့်ကို တစ်ခြားသူတွေက Login ၀င်ရောက်နိုင်တဲ့အတွက် Cookieတွေကို ရှင်းပစ်သင့်တာပါ။
ဒီလို လုပ်ဖို့အတွက် Chrome Settingsထဲသွားပါ။ Show advanced settingsကိုနှိပ်ပြီး Privacy အောက်က Content settingsကိုနှိပ်ပါ။ “Keep local data only until I quit my browser” ဆိုတဲ့ Option Buttonကို ရွေးချယ်ပေးပါ။ ဒါဆိုရင် Chromeကို ပိတ်လိုက်တိုင်း Cookieတွေကို အလိုလို ရှင်းပေးပါလိမ့်မယ်။
တစ်ခြား Private Dataတွေကို အလိုလို ရှင်းဖို့ အတွက်တော့ Click&Cleanဆိုတဲ့ Extensionကို Chrome Web Storeမှာ အင်စတောလုပ်ပါ။ အင်စတောလုပ်ပြီးရင် Browser Toolbarပေါ်က Click&Clean buttonကိုနှိပ်ပြီး Optionsကိုနှိပ်ပါ။
“Delete private data when Chrome closes”ကို အမှန်ခြစ်ပေးပါ။ ဘယ်လို Dataတွေကို ရှင်းမလဲဆိုတာလည်း အဲဒီအပေါ်မှာ သတ်မှတ်လို့ ရပါတယ်။
Mozilla Firefox
Firefoxမှာတော့ Browserပိတ်လိုက်တာနဲ့ ဒေတာတွေကို အလိုလို ရှင်းပေးနိုင်တဲ့ Function ပါရှိပါတယ်။ Firefox Optionsကို၀င်ပြီး Privacy tabမှာ Firefox will: Use custom settings for historyကို သတ်မှတ်ပေးပါ။ ပြီးရင် “Clear history when Firefox closes”ကို အမှန်ခြစ်ပေးပါ။
Settingsကိုနှိပ်ပြီး ရှင်းချင်တဲ့ ဒေတာတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။
Internet Explorer
IEမှာလည်း ဒေတာတွေကို အလိုလို ရှင်းပေးနိုင်တဲ့ Function ပါရှိပါတယ်။ Internet Options ထဲ၀င်ပြီး General tabက Browsing historyမှာ “Delete browsing history on exit”ကို အမှန်ခြစ်ပေးပါ။
ပြီးရင် Deleteကိုနှိပ်ပြီး ရှင်းမယ့် ဒေတာတွေကို ရွေးပေးပါ။ “Preserve Favorites website data”မှာ အမှန်ခြစ် ဖြုတ်ပေးရပါမယ်။ မဟုတ်ရင် Favoritesအနေနဲ့ မှတ်ထားတဲ့ ၀က်ဆိုက်တွေရဲ့ Cookies, Cache Fileတွေကို သိမ်းထားပါလိမ့်မယ်။
ဒါဆိုရင် Chrome, Firefox, IE browserတွေကို သင်အသုံးပြုပြီးလို့ ပိတ်လိုက်တာနဲ့ သင့် Private Dataတွေကို အလိုအလျှောက် ရှင်းပေးမှာ ဖြစ်တဲ့အတွက် အလုပ်မရှုပ်တော့ပါဘူး။