Gaming

အိုင်ဖုန်းချစ်သူတွေ အတွက် အိုင်ဖုန်းဂိမ်းများ

မြန်မာအိုင်စီတီ ပရိသတ်တွေထဲမှာ iPhone Userတွေ အများအပြား ရှိမှာပါ။ ကျွန်တော်တို့ မြန်မာအိုင်စီတီက iPhone Gameလေးတွေကို အခုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဂိမ်းလေးတွေဟာ ၀.၉၉ဒေါ်လာကနေ ၂.၉၉ဒေါ်လာအထိ ကျသင့်ပေမယ့် ခုချိန်မှာတော့ Freeရနေတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို Freeပေးတဲ့အချိန် ဘယ်လောက်ကြာတယ်ဆိုတာ မသိရသေးပါဘူး။ ဒါကြောင့် အဆိုပါ iPhoneဂိမ်းတွေကို အခုပဲ Downloadရယူလိုက်ပါတော့…

၁။ နံပါတ်တစ်ကတော့ Sage Fusionပါ။ အဆိုပါဂိမ်းဟာ RPG(Role-Playing Game), Adventure Gameနဲ့ Visual Novelတို့ ပေါင်းစပ်ထားတဲ့ အမျိုးအစားဖြစ်ပြီး Turn-Based Battle Systemကိုလည်း Featureထည့်ပေး ထားပါတယ်။ ဂိမ်းထဲမှာပါတဲ့ နောက်ခံနဲ့ ရုပ်ပုံပေါင်း၇၀ကျော် ကိုလည်း လက်နဲ့ရေးဆွဲထားတာ ဖြစ်ပြီး ဂိမ်းကို ဘယ်လိုဆော့ရမယ်ဆိုတဲ့ Storylineလည်း ပါ၀င်ပါတယ်။ အဆိုပါဂိမ်းကို ယူချင်ရင်တော့ ဒီနေရာမှာ အခမဲ့ ရယူနိုင်ပါတယ်။

၂။ နံပါတ်နှစ်က “Table Top Racing”ပါ။ Sonyရဲ့ Blockbuster PlayStation Franchise ‘WipEout’ရဲ့ Co-Creatorကနေ Table Top Racingဆိုတဲ့ ဂရစ်ဖစ်ကောင်းကောင်းနဲ့ ကားပြိုင်တဲ့ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ဘယ်လိုထူးခြားဆန်းပြားလဲ ဆိုတာကိုသိချင်ရင် ဒီနေရာမှာ Downloadချပြီး ဆော့လိုက်ပါ။

၃။ နောက်တစ်ခုကတော့ နှင်းတောထဲမှာ ဆိုင်ကယ်ပြိုင်မောင်းရမယ့် ဂိမ်းပါ။ Snow Moto Racingဖြစ်ပြီး ဒီနေရာမှာ ရယူနိုင်ပါတယ်။ လှပတဲ့ဆောင်းရာသီ ရှုခင်းတွေကြားထဲမှာ ရင်ဖိုစရာကောင်းအောင် ယှဉ်ပြိုင် မောင်းနှင်ရမယ့် ဆိုင်ကယ်ဂိမ်းဖြစ်ပြီး Multiplayer Modeနဲ့ သူငယ်ချင်းတွေကို ချိတ်ဆက်ကာ အတူတူ ကစားနိုင်ပါတယ်။

၄။ “Darkness Rush: Saving Princess”တဲ့။ 3Dမြင်ကွင်းနဲ့ ဆော့ကစားရမယ့် Adventureဂိမ်းဖြစ်ပြီး ဗန်ပိုင်းယားတွေ၊ စုန်းမတွေနဲ့ မြေခွေးတွေကို ကောင်းကောင်းကြုံတွေ့ရမှာ ဖြစ်ပြီးဒီနေရာ မှာအခမဲ့ ရယူနိုင်ပါတယ်။ iPadမှာကော iPhoneမှာပါ ဆော့ကစားနိုင်ပါတယ်။

၅။ ဒီနေရာမှ အခမဲ့ရယူနိုင်တဲ့ Vikings Vs Dragonsဆိုတဲ့ ဂိမ်းကတော့ နဂါးတွေတိုက်ခိုက်နေတဲ့ ကြားကသင်နဲ့ Vikingစစ်သားတွေဟာ ပြည်သူတွေကို ကာကွယ်ရမှာပါ။ Melee, Magicစတဲ့ ပုံစံမျိုးစုံနဲ့ နည်းဗျူတွေသုံးပြီး အံ့မခန်း ရုပ်ထွက်တွေနဲ့ ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။

၆။ Summoner Warsဆိုတဲ့ ဂိမ်းကတော့ Digital Cardဂိမ်းဖြစ်ပြီး ကွန်ပျူတာပြိုင်ဘက်နဲ့ Card Battleဆော့နိုင်သလို Onlineကနေလည်း အခြားသူတွေနဲ့ ချိတ်ဆက်ပြီး ဆော့နိုင်ပါသေးတယ်။ ဒီနေရာမှာ အခမဲ့ရယူနိုင်ပြီ ဖြစ်ပါတယ်။

၇။ လျှို့၀ှက်လုပ်ကြံမှုအတွက် Paratropperအဖြစ် Private Diosကို တာ၀န်ပေးထားပြီး ၎င်းဟာ ေ၀ဟင်ထဲမှ ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေဘေးကနေ အသက်ရှင်အောင် ကြိုးစားရမှာ ဖြစ်ပြီးသင်ဟာ သူ့ကိုထိန်းချုပ် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ဒီနေရာ ကနေသင့် iPhoneထဲကို ထည့်သွင်းပြီး ၀င်ရောက်စီးမျောလိုက်ပါတော့။

၈။ iPhoneနဲ့ iPod Touchတွေအတွက် Strategy Gameဖြစ်တဲ့ Overloadဂိမ်းကတော့ iPhoneတစ်လုံးတည်းမှာတင် သူငယ်ချင်းနှစ်ယောက် ကစားနိုင်ပါတယ်။ တစ်ယောက်တည်းဆိုရင်လည်း iPhoneရဲ့ AIနဲ့ ဆော့နိုင်မှာ ဖြစ်ပြီး Boardပေါ်က အကွက်လေးတွေကို သင့်ရဲ့အရောင် ဖြစ်အောင် လုပ်ရမှာပါတဲ့။ ဘယ်လိုလဲဆိုတာတော့ ဒီနေရာမှာ ရယူလိုက်ကြပါဗျာ။

၉။ နောက်တစ်ခုက “Strength in Numbers”ဆိုတဲ့ Puzzleဂိမ်းလေးကတော့ Multiplayerဆော့ကစားနိုင်ပြီး အချိန်မှတ်၍လည်း ကစားနိုင်ပါတယ်။ ဒီနေရာမှာ ရယူနိုင်ပါတယ်။

9

၁၀။ “Transbobmer”ဆိုတဲ့ iOSဂိမ်းကိုတော့ ဒီနေရာမှာ ရယူနိုင်ပြီး ဗုံးတွေခွဲကာ ရန်သူတွေကို ဖယ်ရှားသုတ်သင်ရမှာ ဖြစ်ပါတယ်။ Skillနဲ့ Strategyကို သုံးကာကစားရမှာ ဖြစ်ပြီး အချိန်သတ်မှတ် ထားနိုင်ပါတယ်။

၁၁။ ကဲ… နောက်ဆုံးတစ်ခုကတော့ GameBox1ပါတဲ့။ အဆိုပါ Appဟာ 347MBအရွယ်အစား ရှိပြီး ဂိမ်းအမျိုးအစားပေါင်း လေးဆယ်ကို တစ်ခုတည်းမှာပါ၀င် ပါတယ်။ ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *