Mobile

အရွယ်အစား သေးငယ်ပြီး စွမ်းဆောင်ရည် ပြည့်၀တဲ့ Google Nexus 7 Tablet

nexus

Google Nexus 7 Tabletဟာ ဆန်းသစ်လှပတဲ့ ဒီဇိုင်းပုံစံ ရှိပြီး featuresတွေ စုံလင်စွာ ပါ၀င်တဲ့ Small Tablet အမျိုးအစား ဖြစ်ပါတယ်။ Android 4.1 (Jelly Bean)ကို ထည့်သွင်းပေးထားပြီး RAM 1GB ပါရှိပါတယ်။ IPS TFT active matrix LED Displayကို အသုံးပြုပေးထားတဲ့အတွက် ပုံရိပ်တွေကို ကြည်လင် ပြတ်သားစွာ ကြည့်ရှုခံစားနိုင်မှာပါ။ အရွယ်အစားကတော့ 7 လက်မ ဖြစ်ပြီး အကျယ် 7.8 လက်မ (landscape)၊ အမြင့် 4.7 လက်မနှင့် ကိုယ်ထည်အထူ 0.4 လက်မ ရှိပါတယ်။ စုစုပေါင်း အလေးချိန် 12 အောင်စသာ ရှိတဲ့အတွက် တခြား Tabletတွေနဲ့ ယှဉ်ကြည့်လိုက်ရင် Google Nexus 7ဟာ ပို်ပြီး ပေါ့ပါးသေးငယ်တာ တွေ့ရပါတယ်။ Display Resolutionကတော့ 1280×800 pixels ရှိတဲ့အတွက် ဓာတ်ပုံနှင့် ဗီဒီယိုတွေကို ရုပ်ထွက် ကောင်းမွန်စွာဖြင့် ကြည့်ရှူနိုင်ပါတယ်။

Quad-Core NVIDIA Tegra 3 (1.2GHz) Processorကို အသုံးပြုပေးထားတဲ့အတွက်် တက်ဘလက် တစ်လုံးရဲ့ အကောင်းဆုံး Performanceတွေကို ပေးစွမ်းပေးနိုင်မှာ သေချာပါတယ်။ Wireless ချိတ်ဆက်မှုအတွက် Wi-Fi 802.11 b/g/n ပါ၀င််ပြီး Bluetooth၊ Micro-USB၊ NFC အစရှိတဲ့ functionတွေလည်း ပါ၀င်ပါတယ်။ Video Calling ပြုလုပ်ဖို့အတွက် Front-facing Camera 1.2 Megapixelကို ထည့်သွင်းပေးထားပါတယ်။ Google services appsတွေ ဖြစ်တဲ့ Play, Music, Books, YouTube, Magazines အစရှိတာတွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပါသေးတယ်။
တေးသီချင်းတွေ နားဆင်နိုင်ဖို့ Multimediaပိုင်းမှာ Microphoneနှင့် Speakerကို ထည့်သွင်းထားပါတယ်။ ဘက်ထရီသက်တမ်း ကြာရှည်ခံနိုင်မှုက Li-Ion 4325mAh ရှိတဲ့အတွက် အချိန် ဆယ်နာရီကြာ အသုံးပြုနိုင်ပါတယ်။ ဈေနှုန်း သက်သာတဲ့ တက်ဘလက်လေး ဖြစ်တဲ့အပြင် 16GBကို US$199၊ 32GB Versionကို US$249၊ 32GB Version with HSPA+ ကို US$299 သတ်မှတ်ပေးထားပါတယ်။

အားသာချက်
Google Nexus 7ဟာ အရွယ်အစား သေးငယ်တဲ့အတွက် ကိုင်တွယ် အသုံးပြုရာမှာ သက်တောင့်သက်သာ ရှိ်ပြီး ဘက်ထရီသက်တမ်းကို ကြာရှည်ခံအောင် ပြုလုပ်ပေးထားပါတယ်။ တက်ဘလက်အတွင်းပိုင်း လုပ်ဆောင်ချက်တွေက အသုံး၀င်တဲ့ featuresတွေ ပါ၀င်တဲ့အပြင် ဈေးနှုန်း သက်သာတဲ့အချက်က ၀ယ်ယူအသုံးပြုချင်စရာကောင်းတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်
တက်ဘလက်အတွင်းမှာ ထည့်သွင်းအသုံးပြုနေတဲ့ Android applicationsတွေဟာ လိုအပ်ချက် အနည်းငယ် ရှိနေပြီး HSPA+speedsကလည်း နေရာဒေသအပေါ်မူတည််ပြီး အမြန်နှုန်း ကွာခြားသွားတာ တွေ့ရပါတယ်။

ခြုံငုံသုံးသပ်ချက်
Google ကုမ္ပဏီကနေ Nexus 7ကို ပွဲထုတ်ခဲ့ပြီးနောက် ဈေးကွက်ထဲမှာလည်း တခြားနာမည်ကြီး တက်ဘလက်တွေ ဖြစ်တဲ့ Kindle Fire HD, iPad Mini နှင့် Nook HDတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တက်ဘလက် တစ်ခုချင်းစီတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် စွမ်းရည် ကိုယ်စီ ရှိနေပြီးသား ဖြစ်ပါတယ်။ အဆင့်မြင့် တက်ဘလက် တစ်လုံးရဲ့ အနေအထားနှင့် နှိုင်းယှဉ်ကြည့်လိုက်ရင် Google Nexus 7ဟာ ဈေးနှုန်း အလွန်သက်သာတဲ့အပြင် တက်ဘလက်တစ်လုံးရဲ့ ကောင်းမွန်တဲ့ Performanceတွေ ပြည့်စုံစွာ ပါ၀င်တဲ့ Small Tablet လေးပဲ ဖြစ်ပါတယ်။

One thought on “အရွယ်အစား သေးငယ်ပြီး စွမ်းဆောင်ရည် ပြည့်၀တဲ့ Google Nexus 7 Tablet

  1. sithusoepaing says:

    လိုချင်လိုက်တာ…တော်တော်ကောင်းတယ်ဗျာ

Leave a Reply

Your email address will not be published. Required fields are marked *