Gaming

Jinrui wa Suitaishimashita

Jinrui wa Suitaishimashita

Genre – Fantasy, Satire
No. of Episodes – 12
Studio – AIC
Score – 4 out of 5

စာရေးဆရာ Romeo Tanaka ရဲ့ Jinrui Wa Suitaishimashita Light Novel ကို မှီငြမ်းထားတဲ့ Jinrui Wa Suitaishimashita Animation Series (English အမည် – Humanity Has Declined) ဟာ နာမည်နဲ့ လိုက်အောင်ပဲ အနာဂတ်အချိန်မှာ လူသားမျိုးနွယ်စုတွေ မျိုးသုဉ်းခါနီး ခေတ်ပျက်အချိန်မှာ နေရာယူထားပါတယ်။ ဒါပေမည့် Post-Apocalyptic ဇာတ်လမ်းအများစုမှာလိုမျိုး Nuclear စစ်ပွဲတွေ၊ ဖုပ်ကောင်တွေကြောင့် Post-Apocalypse ခေတ်ကို ရောက်ရှိသွားရတာ မဟုတ်ဘဲ အစာရေစာနှင့် သဘာဝစွမ်းအင် ပျက်လပ်မှုတွေကြောင့် လူသားမျိုးနွယ်စုများ အခက်ကြုံရပုံနဲ့ ဇာတ်လမ်းကို မိတ်ဆက်ထားပါတယ်။ ဇာတ်လမ်းရဲ့ အနာဂတ်အချိန်မှာ သာမန်လူသားများနှင့် အတူ Neo-Human လို့ ခေါ်တဲ့ Fairy နတ်ပုလေးတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Jinrui wa Suitaishimashita ဇာတ်လမ်းရဲ့ အနာဂတ်က ဇာတ်ကောင်အများစုက နာမည်သီးသန့် မရှိကြတော့ဘဲနဲ့ မိမိရဲ့ တာဝန်ယူထားတဲ့အပိုင်း သို့မဟုတ် ဆွေမျိုးတော်စပ်ပုံတွေနှင့်သာ တစ်ယောက်နှင့် တစ်ယောက် ခေါ်ဆိုကြတာ တွေ့ရပြီး Seriesရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဆံပင် ပန်းရောင်နဲ့ ကောင်မလေးရဲ့ တာဝန်ကတော့ လူသားများနှင့် Fairy လေးများရဲ့ ကြားခံဆက်သွယ်သူ UN Mediator ဖြစ်တဲ့အတွက် သူမကို Mediator (Sensei)လို့ လူအများစုကခေါ်ကြပြီး Japan စကားမှာ “I” လို့ မိမိကိုယ်ကို ရည်ညွန်းတဲ့ စကားဖြစ်တဲ့ Watashi ဆိုပြီးလည်း သူမနာမည်ကို အသုံးပြုထားပါတယ်။ Jinrui wa Suitaishimashita ဇာတ်လမ်းမှာတော့ Watashi နှင့် Fairy လေးတွေရဲ့ ဟာသဆန်ပြီး ထူးခြားတဲ့ နေ့စဉ်
အဖြစ်အပျက်တွေနှင့် လူသားမျိုးနွယ်စု၏ နေဝင်ချိန်ကို သရော်ထားတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရမှာပါ။

ကိုယ် ကိုယ်တိုင် ရောက်သွားရင်တော့ ပျော်စရာကောင်းတဲ့ အချိန်ဖြစ်မှာ မဟုတ်ပေမဲ့ Character Design ပိုင်းကော Background Art ပိုင်းကပါ ပေါ့ပေါ့ပါးပါးနှင့် စိုစိုပြည်ပြည်ဖြစ်အောင် ရေးဆွဲထားပါတယ်။ ရောင်စုံ Background Setting လေးတွေနှင့် အဆင့်မြင့် နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ ရောင်စုံ Fairy လေးတွေက စိတ်ကြည်နှုးစေမှာ ဖြစ်ပေမည့် Series Director ဖြစ်တဲ့ Seiji KISHI ရဲ့ နာမည်ကျော် Anime Series ဖြစ်တဲ့ Angel Beats လိုပဲ ပျော်စရာ ဇာတ်လမ်း၊ ချစ်စရာ ဇာတ်ကောင်တွေနှင့်အတူ ဝမ်းနည်းစရာ အဖြစ်အပျက်လေးတွေကို တွဲပေးထားတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အပေါ်ယံ အမြဲ ပြုံးနေတတ်ပြီး အတွင်းပိုင်းကတော့ အနာဂတ်ကို ယုံကြည်မှု မရှိတော့တဲ့ အမြင် ရှိနေတတ်တဲ့ Watashi နှင့် Fairy လေးရဲ့ ဇာတ်ကောင်စရိုက်ပိုင်းကလည်း သဘောကျဖို့ ကောင်းပါတယ်။ Jinrui wa Suitaishimashita ကို Comedy နှင့် Fantasy ပရိသတ်များ နှစ်သက်မှာ ဖြစ်သလို သမားရိုးကျ ဇာတ်လမ်းများ ကြည့်ရတာ ငြီးငွေ့နေတဲ့ ရုပ်ရှင်နှင့် Series ပရိသတ်ကလည်း သဘောကျမှာ ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *