ထိုင်၀မ်အခြေစိုက် ASUS ကုမ္ပဏီက လာမယ့် ၂၀၁၄ မှာ Phone တစ်လုံးထုတ်လုပ်ပြီး အမေရိကား ဈေးကွက်ကို ထိုးဖောက်ဖို့ အပြင်းအထန် ကြိုးပမ်းလျက် ရှိကြောင်း Chairman Jonney Shihက ပြောကြားခဲ့ပါတယ်။ ကွန်ပျူတာ၊ တက်ဘလက် ထုတ်လုပ်ရေးပိုင်းမှာတော့ အောင်မြင်မှု ရနေတဲ့ ASUS အနေနဲ့ Sony, LG, Samsung, Apple စတဲ့ Brandတွေ မင်းမူနေတဲ့ အမေရိကား ဈေးကွက်ကို ဘယ်လို ထိုးဖောက်မလဲ ဆိုတာကလည်း စိတ်၀င်စားဖို့ ကောင်းနေပါတယ်။ အပြိုင်အဆိုင် များလှတဲ့ Smartphone လောကဈေးကွက်မှာ Huawei နဲ့ ZTE ဟာလည်း အမေရိကားဈေးကွက် နေရာရဖို့လှုပ်ရှားနေကြပါတယ်။
ASUS ကတော့ သူတို့ရဲ့ Smartphone ခြေလှမ်းသစ်မှာ အောင်မြင်မှုတွေရဖို့ အစီစဉ်တကျ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ASUS Smartphoneတွေ ထွက်လာရင် ဆိုင်ပေါ်တင် ရောင်းပေးမယ့် ဆိုင်ရှင်တွေ၊ Trade လုပ်ပေးမယ့် ကုန်သည်တွေနဲ့ပါ ချိတ်ဆက် ထားပြီးပြီလို့ သိရပါတယ်။ Android OS အသုံးပြုမှာ ဖြစ်ပြီးတော့ ၂၀၁၄ ခုနှစ်ကျမှသာ ထွက်ရှိမှာပါလို့ Chairman Jonney Shihက ပြောကြားခဲ့ပါတယ်။ ASUS ရဲ့ နောက်ဆုံး မိတ်ဆက်ထားတဲ့ ပစ္စည်းကတော့ Transformer Book Trio ဖြစ်ပြီး Android OS, Windows OS နှစ်မျိုးသုံးနိုင်မှာ ဖြစ်ပါတယ်။ Tablet, Laptop, Desktop ပုံစံအမျိုးမျိုးဖြင့် သုံးနိုင်မှာပါ။ Screen Sizeကြီးကြီး၊ Quality ကောင်းကောင်းနဲ့ ဒီဇိုင်းအရောင်အသွေး လှလှပပတွေ ခေတ်စားနေတဲ့ အချိန်မှာ ASUS ကလည်း ပြိုင်ဘက်တွေကို ဖြတ်ကျော်ပြီး အမေရိကားမှာ နေရာတစ်နေရာရဖို့ ကြိုးပမ်းသွားမှာပဲ ဖြစ်ပါတယ်။
Ref: http://www.theverge.com/2013/7/29/4569118/asus-could-bring-a-phone-to-the-us-in-2014-says-chairman