အမေရိကန် ပြည်ထောင်စုတွင် ကလေးများ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ရောင်းစားခံနေရခြင်းများကို နှိမ်နင်းသည့် သူတို့၏ အဆိုအရ အကြီးဆုံး စစ်ဆင်ရေးတစ်ခု ဆင်နွှဲခဲ့သည်ဟု ဆို၍ ကလေးတစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း FBI ထောက်လှမ်းရေး အဖွဲ့ကြီးက ပြောကြားသည်ဟု သိရသည်။
များသောအားဖြင့် မိုတယ်များ၊ တည်းခိုခန်းများ၊ လောင်းကစားဝိုင်းများနှင့် ကုန်တင်ကားရပ်နားစခန်းများမှ ပြည့်တန်ဆာခေါင်း အယောက် ၁၅၀ကိုလည်း ဖမ်းဆီးခဲ့သည်ဟု FBIက ပြောကြားသည်။ ၎င်းတို့သည် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ၊ လူကုန်ကူးမှုများနှင့် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရဆိုင်ရာ တရားစွဲဆိုမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
FBIအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှုး၏ ပြောကြားချက်အရ ကလေးများကို ပြည့်တန်ဆာအဖြစ် အသုံးချမှုသည် အမေရိကန်တစ်လွှားမှ ကလေးများကို ဆက်လက်ခြိမ်းခြောက် အန္တရာယ်ပေးနေသည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း မကြာခဏ ဖြစ်ပွားလာသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် ကလေးသူငယ်များ အကြမ်းဖက်ခံရမှုများက ပိုမိုများပြားလာသည်ကို တွေ့ရသည်။ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ဆိုးဝါးစွာ ထိခိုက်မှု ရှိစေပါသည်။
ထိုကြောင့် ယခုပြဿနာသည် ထိရောက်စွာ ဖြေရှင်းရမည့် ပြဿနာတစ်ခုဖြစ်ပြီး အနာဂတ်၏ ကလေးငယ်များအား ဥပဒေအရ လုံခြုံစွာ အကာအကွယ်ပေးရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား လူကုန်ကူးခြင်းများကိုလည်း အရေးယူရာတွင် သာမန်ရာဇဝတ်မှုတစ်ခု အဖြစ်သာမက ကလေးငယ်များ၏ အနာဂတ်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများအပေါ်တွင်ပါ ထည့်သွင်းစဉ်းစားပြီး ဥပဒေအရ ပြင်းထန်စွာ အရေးယူသင့်ပါကြောင်း၊ တာဝန်ရှိသူများအား တိုက်တွန်းလိုက်ရပါသည်။
Ref: Thit Htoo Lwin