Apps

Windows 8 အတွက် Official Facebook App ရပါပြီ။

Windows 8 Users တွေအတွက် Facebook ရဲ့တရား၀င် Metro or Modern App ကိုအသုံးပြုလို့ရပါပြီ လို့ The Verge ကသတင်းပို့ပါတယ်။Windows 8.1 ကို Microsoft က Update ပေးတဲ့နေ့မှာပဲ Facebook က သူ့ရဲ့  App ကို အသုံးပြုခွင့်ပေးခဲ့တာပါ။

Microsoft က Windows 8 အတွက် Facebook App ကို ပြုလုပ်နေပြီဖြစ်ကြောင်း San Francisco မှာ ဇွန်လကပြုလုပ်ခဲ့တဲ့ Developer Conference မှာကတည်းက အတည်ပြုပေးခဲ့တာပါ။အခုတော့ Windows 8 Users တွေ Windows Store ကနေဒေါင်းလုပ်လုပ်နိုင်ပါပြီ။

Windows 8 အတွက် Twitter App လည်းရှိပါတယ်။Flipboard က လည်း Windows 8 အတွက် ပြုလုပ်နေတဲ့  Social Service တွေထဲကတစ်ခုဖြစ်ပါတယ်  လို့  Microsoft က အတည်ပြုပြောကြားခဲ့တဲ့အတွက် တစ်ခြား  Windows 8 App တွေလည်းများစွာပေါ်ထွက်လာဖို့ ရှိပါတယ်။

Windows 8 အတွက် Facebook App ကို ဒေါင်းလုပ်လုပ်ဖို့ လင့် က တစ်ချို့တွေအတွက်အဆင်မပြေမှုလေတွေရှိနေပါသေးတယ်။အဲဒီအတွက်ဒေါင်းလုပ်လုပ်လို့မရသေးရင် စောင့်ဆိုင်းရအုံးမှာပါ။

Download Facebook for Windows 8

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *