Gaming

ARCANE LEGENDS

arcane-legends

ဒီအပတ် Game Reviewအတွက် Spacetime Studios www.spacetimestudios.comကနေ ဖြန့်ချိတဲ့ Arcane Legends www.arcanelegendsgame.com ဂိမ်းကို အနည်းငယ် သုံးသပ်ကြည့်ပါတယ်။

ဒီဂိမ်းဟာ Android, Google Chrome, iOS Platformအတွက် ရေးထားတာဖြစ်ပြီး PCနဲ့ Macအတွက်လည်း ရနိုင်ကြောင်း သူ့ websiteမှာ ဖော်ပြထားပါတယ်။
Arcane Legendsဟာ Free Online Multiplayer 3D Fantasy Adventure, MMORPG (Massively-Multiplayer Online Role Playing Game) အမျိုးအစားဖြစ်ပါတယ်။ ကစားဖြစ်မယ်ဆိုရင် Playerဟာ Powerful Warriors, Devious Rogues ဒါမှဟုတ် Mysterious Sorcerersဆိုတဲ့ Class သုံးခုထဲက တစ်ခုကို ရွေးယူရမှာပါ။ Classတိုင်းမှာ သူ့ဟာနဲ့သူ အားသာချက်တွေ ရှိကြပါတယ်။ ဒီဂိမ်းဟာ Coop (co-operative) အမျိုးအစား ဖြစ်တဲ့အလျောက် ကိုယ်အဖွဲ့ ဖွဲ့လိုက်တဲ့ Party Memberတွေဟာ Devastating Effectsအတွက် Explosive Eomboတွေကို Unlockလုပ်ဖို့ သူတို့ရဲ့ စွမ်းဆောင်နိုင်အားတွေကို ပေါင်းစပ်နိုင်ကြမှာ ဖြစ်ပါတယ်။ Playerတွေ Levelတစ်ခု၊ တစ်ခု ရောက်တိုင်း ရောက်ရှိတဲ့ Levelအတွက် Specialize Skillတွေကို ရွေးရမှာ ဖြစ်ပြီး Further Customize Characterတွေကို ပြုလုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။

Arcane Legendsမှာ Pet ပေါင်း ၄၀ ကျော်ရှိပါတယ်။ Playerတိုင်းဟာ Pet မွေးရမှာပါ။ ကိုယ် မွေးထားတဲ့ Petဟာ အလှကြည့် For Show သက်သက်အတွက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရဲဘော်ရဲဘက် ဖြစ်ပါတယ်။ Pet တိုင်းဟာ အရေးပါတဲ့ ဇာတ်ကောင်တွေ ဖြစ်ပြီး ရန်သူကို တိုက်ခိုက်နိုင်တဲ့ Skillတွေ အများကြီး ရှိပါတယ်။ ကိုယ့် Petကို ကိုယ်က Train ပေးရမှာ ဖြစ်ပါတယ်။ Combat များများတိုင်းမှာ ကိုယ့် Pet ကိုယ် ခေါ်နိုင်လေ ကိုယ့် Petရဲ့ Skillတွေက Player အတိုင်းပဲ တိုးတိုးသွားမှာပါ။
ခြုံငုံပြီး ပြန်ကြည့်မယ်ဆိုရင် Arcane Legends ဂိမ်းဒီဇိုင်းဟာလည်း ရှင်းပြီး သန့်နေပါတယ်။ 3Dဟာလည်း အင်မတန်ကောင်းတဲ့ အထဲမှာ ပါပါတယ်။ အမြဲတမ်း အခမဲ့ Planနဲ့ ကစားနိုင်ပါမယ်။ ကိုယ့် Class Abilitiesကို Customize လုပ်နိုင်ပါမယ်။ ထောင်ပေါင်း မြောက်များစွာသော Legendary Weaponတွေ၊ Itemတွေ ရပါမယ်။ Co-Op (co-operative) သို့မဟုတ် Solo Modeနဲ့လည်း ကစားနိုင်ပါမယ်။

ကစားဖို့ တွေးနေပြီဆိုရင်တော့ Androidအတွက် www.play.google.comမှာ ရနိုင်သလို တခြား Android Marketတွေမှာလည်း ရနိုင်ပါတယ်။ iOSအတွက်ဆိုရင်တော့ Apple Storeမှာ ရနိုင်ပါတယ်။ အသေးစိတ် ပိုမို သိချင်ရင်တော့ www.arcanelegendsgame.comမှာ ၀င်ရောက် ဖတ်ရှုနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *