News

Dell ရဲ့ Venue Tablets တွေနဲ့ XPS 15 Laptop ကို Online က၀ယ်ယူနိုင်ပြီ။

Dell က သူ့ရဲ့ Tablets အသစ်တွေနဲ့ XPS Laptops တွေကို ဒီလအစောပိုင်းကမိတ်ဆက်ခဲ့ပါတယ်။အခုတော့ Dell   က Online ကနေစတင်ရောင်းချလိုက်ပါပြီ။Dell Venue 7,Venue 8,Venue 8 Pro Tablets တွေနဲ့ XPS 15 Laptop တွေကို Dell.com ကနေ၀ယ်ယူနိုင်ပါပြီ။US နဲ့ တစ်ခြားနိုင်ငံတွေကိုလည်းစတင်ရောင်းချနေပါပြီ။

 

2

Dell Venue 8 Pro ကို $299.99 နဲ့  ၀ယ်ယူနိုင်ပြီး Windows 8.1 , Microsoft Office 2013 တို့ပါရှိပါမယ်။စာရေးကိရိယာဖြစ်တဲ့ Dell Active Stylus ကိုလည်း $34.99 နဲ့ ၀ယ်ယူနိုင်ပါတယ်။

Dell Venue 7,8 တို့ ကတော့ Android Tablets တွေဖြစ်ပြီး HD IPS Display, Intel Bay Trail Processors တွေကိုအသုံးပြုပါမယ်။Venue 7 ကို အနည်းဆုံး $149.99 နဲ့ ၀ယ်ယူနိုင်ပြီး Venue 8 ကိုတော့ $179.99 နဲ့ ၀ယ်ယူနိုင်ပါတယ်။

 

3

XPS 15 ကတော့ Quad HD+ 15.6 inch display ပါရှိပြီး 3200×1800 pixel resolution ပါရှိပါမယ်။Qual HD+ Version ကို $1899.99 နဲ့ ၀ယ်ယူနိုင်ပြီး Full HD Version ကိုတော့ $1499.99 နဲ့ ၀ယ်ယူနိုင်ပါတယ်။.

တစ်ခြား Tablets,Laptops တွေဖြစ်တဲ့ Venue 11 Pro,XPS 11,Refreshed XPS 13 တို့ကို နို၀င်ဘာလမှာ မှာမိတ်ဆက်မယ်လို့လည်း Dell ကပြောကြားထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *