Education

Advanced Wireless Networking Courseသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Wireless Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Advanced Wireless Networking Courseသင်တန်းကို  ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့၌ စတင် ဖွင့်လှစ်သွားမည်် ဖြစ်သည်။

သင်တန်းကို အခြေခံမှ စ၍ အဆင့်မြှင့်အထိ သင်ကြားပေးမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ NGOများ၌ အလုပ်လုပ်နေသော Network Engineerများ၊ IT Officerများ၊ wirelessအကြောင်း လေ့လာနေသူများ၊ ကျောင်းသူ ကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းမှ စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်သည်။ သင်ကြားပေးမည့် အကြောင်းအရာများမှာ

1. Wireless Local Area Network
2. WLAN Configuration, Ad-host
3.WLAN (point to point, point to Multipoint, Repeater)
4.Using Outdoor Antenna Airmax sector 5GHz with Rocket Titanium
(Short and Long)
5.WiFi-HotSpot Creating for software and hardware
6. PFsense, Zentyal, Easy Server
7.  Wifi IP Camera and Channel Device
8. Window 2008 Server Radius, VOIP Gateway
9. Local VPN Network Configuration
10.  WiFi Controller Device and Access Point CPE
11.  Pfsense hotspot and radius wifi
12.  Basic Mobile wifiတို့ ဖြစ်ပါသည်။

သင်တန်းကာလ   – ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက် မှ ဒီဇင်ဘာလ (၈) ရက်အထိ (စနေ၊ တနင်္ဂနွေ)

သင်တန်းအချိန်   – နံနက် ၉း၀၀ နာရီ မှ နေ့လည် ၁၂း၀၀ နာရီအထိ

သင်တန်းကြေး    – ၁၈၀,၀၀၀ိ/ (တစ်သိန်းရှစ်သောင်းကျပ်)

MCPA Member (50%) – ၉၀,၀၀၀ (ကိုးသောင်းကျပ်)

သင်တန်းသားဦးရေ   –     (၁၅) ဦး

သင်တန်းနေရာ        – အဆောင် (၁)၊ MICT Park၊ MCPA Lab Room၊ လှိုင်မြိုနယ်။

သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက် စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သိရပါသည်။ အတန်းချိန် ၇၅ ရာခိုင်နူန်း မပြည့်ပါက သင်တန်းဆင်း လက်မှတ်ထုတ်ပေးမည် မဟုတ်ဟု သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *