Laptops, News, Review

Acer Aspire E3-111 Mini Notebook

Acer-Aspire-E3-111-Mini-Notebook

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဆန်းသစ်ခေတ်မှီတဲ့ နည်းပညာနဲ့အတူ စတိုင်ကျ လှပစေတဲ့ Fashionနဲ့ အံဝင်ခွင်ကျအောင် ထုတ်လုပ်ထားသည့်အပြင် စွမ်းဆောင်ရည်မြင့် Notebook ကို ရှာဖွေနေသလား? Acer ရဲ့ လူကြိုက်အများဆုံး Essential Series ဖြစ်တဲ့ Acer Aspire E3-111 Mini Notebook လေးဖြစ်ပါတယ်။

Intel ရဲ့ 4th Generation Intel Celeron N 2830 ကို အသုံးပြုထားပြီး သင်ရဲ့လုပ်ဆောင်ချက်တွေကို မြန်နှုန်းမြင့် (2.17Hz) ဖြင့် စွမ်းဆောင်နိုင်ပြီး 2 GB Memoryကလည်း လျှင်မြန်မှုနှုန်းဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။ Data သိုလှောင်သိမ်းဆည်းနိုင်ရန်အတွက် 500GB HDD ကို ထောက်ပံ့ပေးထားသည့်အတွက် သုံးစွဲသူတွေ အဆင်ပြေစေမှာ အမှန်ပါ။ Screen Size ကိုတော့ 11.6” LED LCD Screen က ပါဝါသုံးစွဲမှုကို ချွေတာပေးပြီး တိကျတဲ့ ရုပ်ထွက်တွေ ရရှိဖို့အတွက် Acer ရဲ့ နာမည်ကျော် နည်းပညာဖြစ်တဲ့ High –Brightness Acer Comfy View & LED backlit TFT LCD ကို အသုံးပြုပေးထားပါတယ်။

Intel HD Graphic Series ဖြစ်ပြီး CardReader, Bluetooth, GLAN, WLAN, USD 3.0 Port တို့ စသည့် Interface စုံလင်သော Mini Notebook ဖြစ်ပါသည် ။ Webcam နှင့် Wifi တွေအတွက် စိတ်ချမှုရရှိအောင် Acer ရဲ့ Acer Crystal Eye HD Webcam Technology နှင့် Acer Nplify 802.11 a/g/n ကို အသုံးပြုပေးထားပါတယ်။
11.6” Screen အရွယ်အစားရှိတဲ့Mini Laptop ဖြစ်ပါတယ်..သွားလေရာကို သယ်ဆောင်သွားလို့ရတဲ့ အရွယ်အစားဖြစ်လို့ ခရီးသွားသူတွေ၊ အလုပ်ကိစ္စဖြင့် အသွားအလာများသူများ၊ ကျောင်းသား ကျောင်းသူများအတွက် အထူးသင့်တော်မည့် mini laptop ဖြစ်ပါတယ်… အရောင်အားဖြင့် ရွေးချယ်စရာ Silver, Gray, Brown, Pink အရောင်(၄)မျိုးဖြင့် ရရှိနိုင်ပါပြီ။

3 Cell Li-ion Battery ဖြစ်ပြီး အာမခံသက်တမ်း (၁) နှစ်ဖြင့် မြန်မာပြည်ရဲ့ တရားဝင် ကိုယ်စားလှယ် ရွှေလမင်းနဂါးမှ တင်သွင်းထားပါတယ်.. Fashion နှင့် နည်းပညာကို ပေါင်းစပ်ခံစားလိုသူများ Acer ၏Dealer, Reseller ဆိုင်များတွင် စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်..

ဈေးနှုန်း -310,000 ကျပ်ဝန်းကျင်

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *