ရန်ကုန်တက္ကသိုလ် သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် သိပ္ပံပွဲခင်း ၂၀၁၄ ကို လာမည့် သြဂုတ်လ (၂၃) ရက်မှ (၂၅) ရက်အထိ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ အပန်းဖြေရိပ်သာ (RC) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ထိုပြပွဲတွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာများကို ကျောင်းသားကျောင်းသူများနှင့် သိပ္ပံပညာရပ်များကို စိတ်ပါဝင်စားသော ပြည်သူများ အသိပညာပြန့်ပွားလာစေရန် အဓိကရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်သည်။
အဆိုပါပြပွဲတွင် ရန်ကုန်တက္ကသိုလ်ရှိ သိပ္ပံဘာသာရပ်ဌာနများ၊ တက္ကသိုလ်များ သိပ္ပံသုတေသနဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့အပြင် ကုမ္ပဏီများဖြစ်သည့် Nanova Company အုပ်စု + (Zeba Lab, Velp Scientific, Rigaku, Perkinelmer)? Amtt + (Shimadzu)၊ မြင့်သုခနဒီ၊ Vital Myanmar၊ Sync Gate၊ American Vasion + ZEISS၊ ရွှေချမ်းသာ၊ Life and Challenge Co.,Ltd၊ သော်တာဟိန်း၊ RedLink၊ Pacific High Tech Engineering Service၊ Okka Thiri/ Coax Group၊ Khin Mg Nyunt Trading၊ Geo Friend၊ AMIGO၊ Information Matrix၊ CE Technology၊ Fame၊ Grand Max၊ Winner တို့ ပါဝင်ပြသကြမည် ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။