Laptops, Mobile, News, Review

Acer Aspire E1-572G i7

Acer Aspire E1-572G(i7)

ဈေးနှုန်း- USD769

ပရော်ဖက်ရှင်နယ်စီးရီး Notebook သုံးချင်သူများ ဂိမ်းကစားချင်သူများ၊ လုပ်ငန်းသုံးနဲ့ အကြမ်းခံနိုင်သော ပစ္စည်းကိုမှ သုံးချင်သူတွေအတွက် Acerရဲ့ အသစ် ထွက်ရှိလာတဲ့ E1-572G(i7) ကိုညွှန်းပါရစေ။ Acer ရဲ့ ပုံစံအတိုင်းပဲ မည်သည့် အမှတ်တံဆိပ်နဲ့မှ မတူတဲ့ ဆန်းသစ်လှပပြီး စွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကမ္ဘာကျော် Intel ရဲ့ 4th Generation Core i7-4500U Series ကိုအသုံးပြုထားပြီး အမြန်နှုန်း 1.8 GHz ကနေ Turbo Boostနဲ့ 3.0 GHz အထိ ဆွဲတင် မောင်းနှင်းနိုင်ပါတယ်။ ဒါကြောင့်အမြန်ဆုံးသော Processor ကိုမှ အသုံးပြုချင်သူတွေ အကြိုက်တွေ့စေမှာပါ။ 4 GB DDR3 (LVM) Memory ကိုအသုံးပြုထားတဲ့အတွက် Memory အတွက်၊ ပါဝါလျှော့ချချင်သူတွေအတွက် အဆင်ပြေစေမှာပါတယ်။ 8GB Memory DDR3 အထိ တိုးမြှင့် နိုင်ခြင်းကလဲ ကျေနပ်စရာပါ။ HDD ကတော့ 1TB ပါဝင်လာတဲ့အတွက် External ထပ်သုံးစရာ မလိုတဲ့အတွက် စိတ်အေးရမှာဖြစ်ပါတယ်။

ပရိုသုံး AMD Radeon HD 8750M 2GB တပ်ဆင်ထားသည့်အတွက် ဘက်စုံသုံး Graphic စွမ်းဆောင်ရည်ကို ရရှိစေမှာ ဖြစ်ပါတယ်။ Core i7 Series တွေမှာ လူကြိုက်များတဲ့ မျက်နှာပြင် 15.6” LED LCD Display ကိုအသုံးပြုထားတဲ့အတွက် စိတ်ကျေနပ်မှုတွေအများအပြားရရှိစေမှာပါ။ Acer ရဲ့ ကိုယ်ပိုင်နည်းပညာတွေပါဝင်တဲ့ Acer Crystal Eye HD Webcam ကိုအသုံးပြုထားပြီး USB 2.0, USB 3.0, HDMI, VGA, GbLAN, WLAN တွေ စုံလင်စွာ ထည့်သွင်းထားမှု့ကလဲ ပရိုဆိုတဲ့ အဆင့်ကို အားဖြည့်ပေးထားပါတယ်။ DVD Super Multi Double Layer ပါဝင်သည့်အတွက် Entertainment နဲ့အခြားသော လုပ်ငန်းဆောင်တာတွေအတွက် ကျေနပ်စရာပါ။ Weight 2.4 kg ပဲအလေးချိန်ရှိတာကြောင့် ပါးပါးလျှလျှ နဲ့ပေါ့ပေါ့ ပါးပါး အသုံးပြုချင်သော ပရော်ဖက်ရှင်နယ်သမားများအတွက် ရွေးချယ်သင့်တဲ့ Notebook အမျိုးအစား ပဲဖြစ်ပါတယ်။ 4th Generation CPU ကို အသုံးပြုထားတဲ့အတွက် 4 Cell Li-ion Battery ကသင့်ရဲ့ တစ်နေတာကို တာဝန်ယူပါလိမ့်မယ်။ ဝယ်ယူချင်တယ်ဆိုရင်တော့ 799 USD နဲ့ ဆိပ်ကမ်းသာလမ်းနှင့် မြန်မာပြည်တစ်ပြည်လုံးမှာရှိတဲ့ Computer ဆိုင်တွေမှာ ရွေးချယ်ဝယ်ယူနိုင်ပါပြီ၊ အသေးစိတ်သိရှိလိုပါက ့ရွှေလမင်းနဂါးကုမ္ပဏီမှ တင်သွင်းရောင်းချပေးလျှက်ရှိပြီး စုံစမ်းမေးမြန်းလိုပါက Ph: 01- 221683, 217233, 2800088 သို့ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *