ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course(WNE) အမှတ်စဉ်(၇) သင်တန်းကို ၂၀၁၄ ခုနှစ်၊ မေလ(၁၇) ရက်နေ့ ၌ စတင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officerများ Wireless အကြောင်း လေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ် အမှုဆောင် ဦးဇော်ဝင်းထွန်းမှ သင်ကြားပေးမည် ဖြစ်သည်။
ပါဝင်မည့် အကြောင်းအရာများ…
- About Wireless Local Area Network and WLAN Configuration
- Ad-host,WLAN (Point to Point, Point to Multipoint, Repeater)
- Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long )
- WiFi HotSpot Creating for Software and Hardware
- WiFi Controller Device and Access Point CPE
- Wireless IP Camera Configuration with Cloud
- Zentyal Server, Pfsense Hotspot and Radius WiFi
- Local VPN Network Configuration
- Basic Mobile WiFi Network
- VOIP Gateway and IP Soft Phones … အစရှိသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။
သင်တန်းကာလ – ၂၀၁၄ ခုနှစ်၊ မေလ (၁၇) ရက် မှ ဇွန်လ (၁၅) ရက်အထိ (စနေ၊ တနင်္ဂနွေ)
သင်တန်းအချိန် – နေ့လည် 12:30 နာရီမှ 4:00 နာရီအထိ
သင်တန်းကြေး – ၉၀,ဝ၀ဝိ/ (ကိုးသောင်းကျပ်)
MCPA Member (50%) – ၄၅,ဝ၀ဝ (လေးသောင်းငါးထောင်ကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ၂၀၁၄ ခုနှစ်၊ မေလ(၁၆) ရက်နေ့ ညနေ(၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက် စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁- ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။ (မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည် မဟုတ်ပါ။)