Laptops, Review

Acer Aspire E1-430

Acer Aspire E1-430

ရွှေလမင်းနဂါးကုမ္ပဏီမှ သတင်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Price – 410,000 Kyats

Acerရဲ့ ဈေးနှုန်းသင့်တင့်ပြီး သုံးစွဲရအဆင်ပြေစေမယ့် Notebook Model အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်ပေးပါရစေ။ Acer မှ E1 Series တွေကို ဆက်တိုက်ထုတ်လုပ်ခြင်းရဲ့ ရည်ရွယ်ချက်မှာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Productsကို သုံးစွဲချင်သူများအတွက် ရည်ရွယ်၍ ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါသည်။

ယခု E1-430 model ဟာဆိုရင် အရင် E1-431 Modelထက် ပိုမိုဆန်းသစ်သော Design ပုံစံ၊ Performanceများဖြင့် ပြောင်းလဲ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ CPU အနေဖြင့်လည်း  Intelရဲ့ 3th Generation Processor Pentium Dual Core 2117U CPUကို အသုံးပြုထားပြီး အမြန်နှုန်း Speed အနေနဲ့ 1.8 GHzအထိ ရရှိမှာ ဖြစ်ပါတယ်။ Memoryကိုလည်း 2GB DDR3 Low Voltage Memoryကို အသုံးပြုထားပြီး လိုအပ်ပါကလဲ 4GB အထိလဲထပ်မံ တိုးမြင့် အသုံးပြုနိုင်ပါသည်။

အချက်အလက်များ သိုလှောင်သိမ်းဆည်းရန်အတွက် Hard Disk 500GB ကိုလည်း ထည့်သွင်းပေးထားပါသေးသည်။ Screen Sizeအနေဖြင့် Acer 14” LED LCD HD Cinecrystal မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ကြည်လင်ပြတ်သားသော ရုပ်ပုံအရည်အသွေးများကိုလည်း ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

အင်တာနက်ချိတ်ဆက်မှုအတွက် Acer ရဲ့Nplify 802.11 a/g/n Wifi စနစ်အပြင် USB 3.0, Buletooth 4.0, HDMI, GbLAN နှင့် Cardreader တို့ကိုလဲ ထည့်သွင်းပေးထားပါသည်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုအနေနဲ့ Acer ရဲ့ Acer Crystal Eye HD Webcanကို ထည့်သွင်းပေးထားသည့်အပြင် 4 Cell Li-ion Battery ပါဝင်မှု့ကလည်း သင်၏ လုပ်ငန်းဆောင်တာများကိုလည်း ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးမှာလဲ အသေချာပဲဖြစ်ပါတယ်။ ထို့ကြောင့် Multimediaပိုင်း၊ Office & Internetပိုင်းနှင့် Performance ကောင်းကောင်းအပြင် ချိုသာသော ဈေးနှုန်းဖြင့် ရွေးချယ်ဝယ်ယူသုံးစွဲချင်တယ်ဆိုပါက ရွှေလမင်းနဂါးကုမ္ပဏီမှ တင်သွင်းပြီး အာမခံသက်တမ်း (၂)နှစ်ဖြင့် မြန်မာပြည်အနှံ့ရှိ ကွန်ပျူတာဆိုင်များတွင် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *