Apps, News

iOS အသုံးပြုသူများအတွက် Google Maps ကို Offline အသုံးပြုနည်း

အသစ်ထွက်ရှိလာတဲ့ Google Maps 2.0ကို iOSပေါ်မှာ Offline သုံးလို့ရမယ့် နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်။ အဆိုပါ Mapရဲ့ ထူးခြားချက်ကတော့ iPad မှာပါ အသုံးပြုလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Android မှာတော့ Mapကို Offline အသုံးပြုလို့ရတာ ကြာပါပြီ။ သင့် iPadမှာ Mapကို Offline သုံးချင်ရင်တော့ အရင်ဆုံး သင် Save ချင်တဲ့နေရာကို Zoom ဆွဲလိုက်ပါ။ Size အကြီးကြီးတွေတော့ ရမှာ မဟုတ်ပါဘူး။ Zoom ဆွဲပြီးရင် search fieldမှာ “ok maps” လို့ရိုက်ထည့် လိုက်ရင်တော့ လက်ရှိ မြေပုံကို offline သုံးလို့ရအောင် download ဆွဲနေပြီဖြစ်ပါတယ်။ Download ဆွဲပြီး Cache ဖမ်းပြီးရင်တော့ “The onscreen map has been cached.”လို့ message ပေါ်လာမှာပါ။ iPadတွေ iPodတွေပေါ်မှာ အဆင်ပြေပြေ သုံးလို့ရမှာဖြစ်ပြီး သင့်အနေနဲ့ ပြည်ပနိုင်ငံ တစ်ခုခုမှာ ရောက်ရှိနေရင် internet connection မရနိုင်တဲ့အခါ အဆိုပါ Offline Map စနစ်က အလွန်အသုံး၀င်စေမှာ ဖြစ်ပါတယ်။

Ref : http://www.tuaw.com/2013/07/18/use-this-trick-to-cache-offline-maps-in-the-latest-google-maps-f/

Related Posts

One thought on “iOS အသုံးပြုသူများအတွက် Google Maps ကို Offline အသုံးပြုနည်း

Leave a Reply

Your email address will not be published. Required fields are marked *