News

ရိုးအီနေတဲ့ စမတ်ဖုန်းBrand တွေကြားထဲက ရွေးချယ်စရာ အသစ်တစ်ခု

တရုတ်နိုင်ငံအခြေစိုက် Oppoအီလက်ထရောနစ် ကုမ္ပဏီမှ N1ဆိုတဲ့ စမတ်ဖုန်း အသစ်တစ်မျိုးကို ပေကျင်းမြို့ရဲ့ အထူးပွဲတစ်ခုမှာ တရား၀င် မိတ်ဆက်ပွဲထုတ် လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းမှာ Android 4.2(Jelly Bean)ကို အခြေခံထားတဲ့ ကုမ္ပဏီရဲ့ Color OSကို အသုံးပြုထားတာ ဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၉လက်မ အရွယ်IPS full HD Displayကို တပ်ဆင် သုံးစွဲထားပါတယ်။ အဲဒီ မျက်နှာပြင်မှာ Pixelသိပ်သည်းဆ ကတော့ 377ဖြစ်ပါတယ်။ Displayဟာ အလွန် Sensitiveဖြစ်ပြီး Sony Xperia Z1လိုမျိုး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Displayရဲ့ အောက်ဖက်မှာတော့ Back, Home, Menuဆိုပြီး Android Physical Keyသုံးခု ရှိပါတယ်။ ဖုန်းရဲ့ ကိုယ်ထည်တစ်ခုလုံးကို ပလတ်စတစ်နဲ့ ဖန်တီးထားတာ ဖြစ်ကာ အဖြူနဲ့ အနက်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာပါ။ 16GBနဲ့ 32GBဆိုပြီး Modelနှစ်မျိုး ထုတ်လုပ် ထားကာ microSD Card Slotတော့ ပါ၀င်လာခြင်း မရှိပါဘူး။ ဖုန်းရဲ့ အလေးချိန်ကလည်း 213ဂရမ်သာ ရှိပြီး Galaxy Note 3ထက် အနည်းငယ်သာ ပိုတဲ့ အထူရှိတယ်လို့ သိရပါတယ်။ ဖုန်းကို 1.7GHz Quad-Core Snapdragon 600 Processorနဲ့ Runထားပြီး ဂရပ်ဖစ်ရုပ်ထွက် အန်နီမေးရှင်းအတွက် Adreno 320 GPUသုံးထားကာ RAMကိုလည်း 2GBသုံးထားတာ မို့လို့ တကယ်ကို အဆင့်မြင့်တဲ့ စမတ်ဖုန်း တစ်လုံးပါ။

ဖုန်းရဲ့ ပုံစံကိုလည်း လေ့လာနိုင်အောင် တင်ဆက်ပေးလိုက် ပါတယ်။ ဈေးနှုန်း ၅၇၁ဒေါ်လာ သတ််မှတ်ထားပြီး တရား၀င် ရှင်းလင်းပွဲမှာ ပြသထားတဲ့ ပုံအရ ဖုန်းရဲ့ ကျောဘက်ဟာလည်း အများတကာနဲ့ ကွဲထွက်နေတဲ့ ကင်မရာ ဒီဇိုင်းမျိုး ဖန်တီးထားတာကို တွေ့ရမှာပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *