News

Oppo ရဲ့ N1 Smartphone ကို ဥရောပ နဲ့ အမေရိက မှာရောင်းပြီ

ဥရောပ နဲ့ အမေရိက မှာရှိတဲ့ လူတွေကတော့ တရုတ် Company တစ်ခုဖြစ်တဲ့ Oppo ရဲ့ Smartphone ကို မြည်းစမ်းသုံးစွဲနိုင်ပါပြီ။ Oppo N1 Smartphone ဟာ စွမ်းဆောင်ရည်မြင့် Hardware တွေတပ်ဆင်ထားပြီး ဈေးနှုန်းသင့်တင့်ပါတယ်။ Oppo N1 ကို အဖြူရောင် ဖြင့်ထုတ်လုပ်ထားပြီး 16GB ကို စတာလင်ပေါင် ၄၄၃ (ဒေါ်လာ ၅၉၉)သတ်မှတ်ထားပါတယ်။ ၅.၉ လက်မ Full HD Screen တပ်ဆင်ထားပြီး 13 Megapixel Camera တပ်ဆင်ထားပါတယ်။

N1 Camera ကို မတူညီတဲ့ အစိတ်အပိုင်းပေါင်း ၆၇ ခုနဲ့ ပြုလုပ်ထားတယ်လို့ Oppo ကပြောပါတယ်။ Lens ကိုလည်း အပိုင်းခြောက်ခုနဲ့ပြုလုပ်ထားပါတယ်။ 9mm အထူရှိပြီး အနောက်ဖက်မှာ ထိတွေ့မျက်နှာပြင်ပါရှိပါတယ်။ ၅.၉ လက်မအရွယ်ရှိပြီး Sony Xperia Z လို Exmore RS Sensor တပ်ဆင်ထားပါတယ်။ N1 ရဲ့ မျက်နှာချင်းဆိုင်ကင်မရာ က ထူးခြားပြီး ၂၀၆ ဒီဂရီ လှည့်ပြောင်း အသုံးပြုနိုင်ပြီး 13 Megapixel ပါရှိပါတယ်။ အရည်အသွေးမြင့် ကိုယ်တိုင်ရိုက် ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ 2GB RAM, 1.7GHz Snapdragon S600 Processor , 3160mAh Battery တပ်ဆင်ထားပါတယ်။ Connectivity အနေဖြင့် 42Mbps အထိလိုင်းဆွဲအားကောင်းတဲ့ HSPA+ အသုံးပြုနိုင်သလို Bluetooth ,NFC, WiFi Direct အသုံးပြုနိုင်ပါတယ်။ LTE အသုံးပြုနိုင်မှာမဟုတ်တဲ့အတွက် အနောက်တိုင်းက စမတ်ဖုန်းအသုံးပြုသူတွေအတွက်တော့ စိတ်မကျေနပ်စရာ အချက်တစ်ခုဖြစ်ပါတယ်။

Oppo N1 ကို Android 4.2.2 Jelly Bean အသုံးပြုမောင်းနှင်လည်ပတ်မှာဖြစ်ပြီး Oppo ရဲ့ ကိုယ်ပိုင် Color OS Software လည်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် CyanogenMod OS ကိုလည်း ပြောင်းလဲအသုံးပြုနိုင်ဖို့ တရား၀င် ပြုလုပ်ပေးထားပါတယ်။ Connectivity မှာလိုအပ်ချက်ရှိနေပေမယ့် စွမ်းဆောင်ရည်မြင့်ဖုန်းတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် သင့်တင့်တဲ့ ဈေးနှုန်း ကစွဲဆောင်နေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *