နို၀င်ဘာလ (၂၂) ရက်နေ့မှာရောင်းချမယ့် Xbox One မှာ ပါ၀င်မယ့် Entertainment Apps တွေကို Microsoft ကထုတ်ဖော်ပြသလိုက်ပါတယ်။ ရောင်းချမယ့်နိုင်ငံအလိုက် Apps တွေကွာခြားတာကိုတွေ့ရပါတယ်။
အမေရိကန် မှာရောင်းချမယ့် စက်တွေမှာ Amazon Instant Video, Crackle, CWTV, ESPN, FOX NOW, FXNOW, Hulu Plus, Machinima, MUZU TV, Netflix, Redbox Instant, Target Ticket, TED, The NFL, Twitch, Univision Deportes, Verizon FiOS TV and VUDU စတဲ့ App တွေပါရှိမှာဖြစ်ပါတယ်။
Mad Men, Game of Thrones, Boardwalk Empire တို့ကို နှစ်သက်သူတွေအတွက်လည်း HBO Go App မကြာမီပါရှိလာမယ်လို့သိရပါတယ်။ Xbox One မှာ ပါရှိတဲ့ Apps တွေဟာ မကြာမီမှာရောင်းချမယ့် Sony PlayStation 4 မှာပါရှိမယ့် Apps တွေနဲ့ များစွာတူညီမှုရှိပါတယ်။ ဒါပေမယ့် ဂိမ်းစက်နှစ်ခုလုံးမှာ YouTube App မပါရှိတာကထူးခြားပါတယ်။
UK မှာရောင်းချမယ့် Xbox One မှာပါရှိတဲ့ Apps တွေကတော့ အမေရိကန် နဲ့ ကွဲပြားတာကိုတွေ့ရပါတယ်။4oD, Amazon\LOVEFiLM, Blinkbox, Crackle, Demand 5, Eurosport, Machinima, MUZU TV, Netflix, NOW TV, TED, Twitch and Wuaki.tv. No BBC iPlayer or ITV Player စတဲ့ Apps တွေပါရှိပါမယ်။
နိုင်ငံအလိုက်ပါရှိမယ့် Apps တွေကို လေ့လာချင်ရင် Xbox News မှာလေ့လာပါ။
Xbox One မှာ ပါ၀င်လာမယ့် Entertainment Apps များ

09
Nov