News

၂၀၁၃ခုနှစ် Engineering ခရီးသွားလူငယ်များ အတွက် Curtin နှင့် MSI အင်ဂျင်နီယာဆိုင်ရာ လက်တွေ့သိပ္ပံနည်းကျပြိုင်ပွဲ ကျင်းပမည်။

Myanmar Search International (MSI) နိုင်ငံခြားပညာရေး၀န်ဆောင်မှုနှင့် Curtin University (Sarawak) တက္ကသိုလ်တို့ ဒုတိယအကြိမ်ပူးပေါင်း၍ လက်တွေ့သိပ္ပံနည်းကျ အင်ဂျင်နီယာ သဘောတရားပါ၀င်သော “The Spaghetti Marshmallow Tower (Hands-on Workshop)” ပြိုင်ပွဲကို တစ်မူထူးခြားသော အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်တွင် ကျောင်းသားများနှင့်မိဘများ၏ တောင်းဆိုမှုဖြင့် ဒုတိယအကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်၂၀၁၂ခုနှစ်၊ စက်တင်ဘာလနှင့် ဇူလိုင်လတို့တွင် Curtin-MSI Space Egg Engineering Workshop (ကြက်ဥ) ပြိုင်ပွဲကို ရန်ကုန်နှင့်မန္တလေးတို့တွင် ပထမဦးဆုံးအကြိမ် အောင်မြင်စွာ ပြုလုပ်ခဲ့သည်ဟုလည်း MSI မှသိရသည်။

အဆိုပါပြိုင်ပွဲကို စိတ်၀င်စားသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် IGCSE, GCE`O’Level, GCE`A’ Level, International Baccalaureate Diploma Program(IBDP)၊ သိပ္ပံဘာသာရပ်ဖြင့် တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများ၊ ရူပဗေဒနှင့်သင်္ချာဘာသာရပ်ကို သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရအင်ဂျင်နီယာတက္ကသိုလ်နှင့် ပုဂ္ဂလိကသင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ အင်ဂျင်နီယာဒီပလိုမာလက်မှတ် ကိုင်ဆောင်ထားသူများ၊ HND၊City& Guilds ကျောင်းသား/ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသည်။

ယင်းပြိုင်ပွဲကို ပါ၀င်ယှဉ်ပြိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ရရှိမည့်အကျိုးကျေးဇူးများအနေဖြင့် Curtin တက္ကသိုလ်(မလေးရှား)မှ တိုက်ရိုက်ပေးအပ်သည့် “ဆုတံဆိပ်၊ “ပြိုင်ပွဲ၀င်လက်မှတ်”ရရှိခြင်၊ ကျောင်းသားများ၏ ဖန်တီးနိုင်မှုစွမ်းရည်၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှုစွမ်းရည် တိုးတက်စေခြင်း၊ အဆင့်မြင့်အင်ဂျင်နီယာ ဘာသာရပ်နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်သော လက်တွေ့သိပ္ပံနည်းကျ အတွေ့အကြုံကောင်းများ ရရှိခြင်း၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျကျ လှုပ်ရှားတက်ကြွစွာ လုပ်ဆောင်နိုင်သော စွမ်းရည်ကောင်းများရရှိခြင်း စသည့် အင်ဂျင်နီယာကျောင်းသားတစ်ယောက်အတွက် မရှိမဖြစ် လေ့လာထားသင့်သော အတွေ့အကြုံများကို ၄င်းပြိုင်ပွဲအား တက်ရောက်ခြင်းဖြင့် ရရှိနိုင်သည်ဟု သိရသည်။

MSIမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ၄င်းပွဲနှင့်ပတ်သက်ပြီး ‘’အခုလို MSIနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ကမ္ဘာ့ထိပ်တန်း၀င် တက္ကသိုလ်တစ်ခုဖြစ်တဲ့ သြစတြေးလျနိုင်ငံ Curtin University ရဲ့ကျောင်းခွဲCurtin University (Sarawak/Malaysia) တို့ ပူးပေါင်းပြီး လက်တွေ့သိပ္ပံနည်းကျလုပ်ဆောင်မှုပါတဲ့ “The Spaghetti Marshmallow Tower(Hands-on Workshop) ရန်ကုန်မှာ ကျင်းပတာ ဒုတိယအကြိမ်မြောက်ပါ။ ရည်ရွယ်ချက်က ကျောင်းသားတွေကို အခုလက်ရှိသိထားတဲ့ အင်ဂျင်နီယာဘာသာရပ်နဲ့ ပတ်သက်တဲ့ တီထွင်နိုင်စွမ်းရည်နဲ့မတူပဲ ပိုထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံတွေကို ရစေချင်တယ်။

အင်ဂျင်နီယာဘာသာရပ်အတွက် အခြေခံကျတဲ့ နည်းပညာတွေကိုသိဖို့ အခွင့်အလမ်းတွေရနိုင်တယ်။ လက်တွေ့သိပ္ပံနည်းကျ အင်ဂျင်နီယာကျွမ်းကျင်မှုနဲ့ အောင်မြင်မှုပိုင်ဆိုင်ခွင့် ရဖို့အတွက် အထောက်အပံ့တွန်းအားပေးတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီထက် ကြီးမားတဲ့အခွင့်အရေးတစ်ခုက ပါ၀င်ဆင်နွှဲသူ ကျောင်းသား/ကျောင်းသူတိုင်းကိုလည်း Curtin University(Sarawak)မှ ချီးမြှင့်တဲ့ Attendance Achievement Certificate တွေ ပေးအပ်မှာဖြစ်လို့ အင်ဂျင်နီယာဘာသာရပ်ကို အမှန်တကယ်စိတ်၀င်စားပြီး နိုင်ငံခြားမှာဆက်ပြီး ပညာသင်မယ့်ကျောင်းသားတွေအားလုံးအတွက် အမှန်တကယ်အသုံး၀င်ပြီး အထောက်အပံ့တွေရမှာ သေချာပါတယ်။ ပညာသင်ဆုနဲ့ ကျောင်းလျှောက်တဲ့အခါမှာရော Curtin University Certificate ကအသုံး၀င်မှာပါ’’ဟုပြောကြားခဲ့သည်။

Curtin တက္ကသိုလ်သည် Engineering နှင့် Science ဘာသာရပ်တွင် ကမ္ဘာ့အသိအမှတ်ပြု ခံထား ရသည့်အပြင် Professinal Body ဖြစ်သော Engineering Accreditation Council(EAC)Malaysia, Institution of Chemical Engineering UK, Australian Computer Society (ACS), Australia  Society of Exploration Geophysicists, Society of exploration Geoscientists(USA),European Association of Geoscientists and engineers, Australasian Institute of Mining and Metallurgy Geological Society of Australia အဖွဲ့အစည်းတို့မှ တရား၀င်အသိအမှတ်ပြုခံထားရသောကြောင့် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများမှ ထူးချွန်သော Curtin ဘွဲ့ရ ကျောင်းသားများအား အသိအမှတ်ပြုသည့်အပြင် ဘွဲ့ရကျောင်းသားများ အလုပ်အကိုင်ရှာဖွေရာတွင် အခွင့်အလမ်း လွယ်ကူကြောင်း သိရသည်။

သင်ကြားနိုင်သော ဘာသာရပ်များအနေဖြင့် Chemical Engineering/Civil and Construction/ Computer System Engineering/ Electrical Power/ Electronic and Communication/ Environmental Engineering/Mechanical/ Mechatronic Engineering နှင့်Petroleum Engineering/Computer System and Networking Engineering ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များကိုလည်း Single Major နှင့် Double Major တို့ဖြင့် သင်ကြားပေးလျက်ရှိပြီး ကျောင်းလခများမှာ Foundation တန်းအတွက် သိန်း(၅၀) ၀န်းကျင်ခန့်ကို အရစ်ကျအနေဖြင့် ပေးသွင်းနိုင်ကြောင်း၊ အင်ဂျင်နီယာဘွဲ့ဒီဂရီတန်းအတွက် တစ်နှစ်လျှင်ပျမ်းမျှ မြန်မာကျပ်ငွေ သိန်း(၉၀) ၀န်းကျင်နှင့် စီးပွားရေးဆိုင်ရာဘွဲ့ ဒီဂရီတန်းအတွက် တစ်နှစ်လျှင် မြန်မာငွေကျပ်   သိန်း(၆၀) ၀န်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ ပြိုင်ပွဲ၀င်ကျောင်းသားများနှင့် စိတ်၀င်တစားလာရောက်လေ့လာမည့် ကျောင်းသားများသည် ၁၂.၁၁.၂၀၁၃ (အင်္ဂါနေ့) နောက်ဆုံးထားပြီး MSI ရုံးခန်း အမှတ်(၂၃၄)၊ ရွှေဘုံသာလမ်း(အလယ်) ပန်းဘဲတန်းမြို့နယ်၊ ဖုန်း ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅   သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲ၀င်မည့်ကျောင်းသားများ လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရှိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *