News

3D Printer ဖြင့် ထုတ်လုပ်သော စားပွဲခုံ

ဂျာမနီ စတူဒီယို BigRep ရဲ့ 3D Printer က အလွန်ကြီးမားပြီး ပရိဘောဂ ပစ္စည်းများကိုတောင် ထုတ်လုပ်နိုင်ပါတယ်။ 3D Printer တွေဟာ လူသုံးကုန်ပစ္စည်းတွေ၊ အစားအသောက်တွေကို တစ်ထိုင်တည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ အခုတော့ ပရိဘောဂပစ္စည်းလို အကြီးစား လူသုံးကုန်ပစ္စည်းတွေကိုပါ ထုတ်လုပ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ နေအိမ်တစ်လုံးကို တစ်နေ့တည်းနဲ့အပြီး တည်ဆောက် ပေးနိုင်တဲ့ 3D Printer ကိုလည်း တီထွင်နေကြပြီဖြစ်ပါတယ်။

ဂျာမနီက ပရိဘောဂထုတ်လုပ်ပေးနိုင်တဲ့ 3D Printer ကို BigRep One လို့ အမည်ပေးထားပြီး 45 x 39 x 47-inches အရွယ်အစားရှိပါတယ်။ ပလတ်စတစ်နဲ့ သစ်သားတွေကို ပေါင်းစပ်ပြီး ပရိဘောဂတွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ BigRep One ရဲ့ ဈေးနှုန်းက ကြီးမြင့်ပြီး ဒေါ်လာ (၃၉၀၀၀) နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

BigRep One ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=t8gdeNHOe1k

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts