News

iPhone ကို ကြိုက်နှစ်သက်ပြီးနောက် iCup နှင့်တွေ့ဆုံနိုင်ခြင်း

ဒီဇိုင်နာများဟာ သူတို့မြတ်နိုးတဲ့ Apple နှင့် ကော်ဖီကြိုက်သူအဖို့ ပေါင်းစပ်ကာ အယူအဆကောင်းတွေနဲ့ ပြုလုပ်ထားတာပါ။

အယူအဆကောင်းတွေဖြင့် ဒီဇိုင်နာများဟာ ကော်ဖီကြိုက်သူ အနေနှင့်ရော Apple ကို မြတ်နိုးသူ အနေနဲ့ပါ ကော်ဖီနှင့် Apple ကုန်ပစ္စည်းများ တွဲဖက်အသုံးပြုလို့ရအောင် ဖန်းတီးထားခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဇိုင်နာတွေဟာ ကြိုက်နှစ်သက်တဲ့ အရာနှစ်မျိုးရှိပါတယ်။ ဘာလဲဆိုတော့ တစ်ခုက ကော်ဖီဖြစ်ပြီး ကျန်တစ်ခုက Apple ကုန်ပစ္စည်းဖြစ်ပါတယ်။ ဒီတော့ ဒီဇိုင်နာ Tomislav Zvonaric က အဲဒီ့ ကြိုက်နှစ်သက်တဲ့ နှစ်မျိုးတွဲဖက် အသုံးပြုနိုင်မဲ့ ဒီဇိုင်းကိုဖန်တီးခဲ့ပါတယ်။

ဒီဇိုင်နာ Zvonaric က iCup ရဲ့ အယူအဆနဲ့ အတွေးအခေါ်ဟာ တစ်စုံတစ်ခုကို စိတ်ဝင်စားစရာနဲ့ ကျေနပ်မှုကိုပေးပါလိမ့်မယ်။ ဒါပေမယ့် iCup ရဲ့အယူအဆက အသစ်တော့မဟုတ်ပါဘူး။ အရင်ထဲက အဲလိုအယူအဆတွေ တွေ့ခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်တော်က Apple Fans တွေရဲ့ စားပွဲပေါ်မှာ iCup ကိုမြင်စေချင်တာနဲ့ လျှပ်စစ်အသုံးပြုပြီး iCup ကို ပိုမိုအကျိုးသက်ရောက်မှု ရှိစေချင်တာပါလို့ Zvonaric က သူဖန်တီးရတဲ့ ရည်ရွယ်ချက်ကိုပြောပြပါတယ်။

ချောမွေ့တောက်ပြောင်တဲ့ ဖန်တီးမှုဟာ ရှင်းလင်းစွာ Apple ကုန်ပစ္စည်းများနှင့် လိုက်လျောညီထွေရှိပြီး USB Port ပါဝင်ကာ Apple အမှတ်တံဆိပ်ပုံသဏ္ဏာန် ကော်ဖီခွက်နှင့် ဇွန်းဟာ စိတ်ကူးဉာဏ်ကောင်းတဲ့ အယူအဆလို့ ပြောရမှာပါ။ Apple ကုန်ပစ္စည်းတွေနှင့် ချိန်ဆက်ကာ ခွက်ထဲမှကော်ဖီကို အမြဲနွေးနေအောင် ပြုလုပ်လို့ရမှာဖြစ်ပါတယ်။ iCup ဟာ Apple ကုန်ပစ္စည်းတွေထဲက တစ်ခုဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရင်း iCup ပုံစံတွေကို တင်ပြပေးလိုက်ပါတယ်။

 

icup3icup5icup6icup7icup8icup9icup11icup12icup14

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *