News

ICT-Laboratory “Windows Server 2012 Installation” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ် ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းသည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဖြစ်သော ဆရာဦးရဲကျော်သိန်းမှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် နေ့လည် (၁:ဝ၀ မှ ၅:ဝ၀) အထိ Dell R320 Rack Server ပေါ်တွင် “Windows Server 2012 Installation” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြ သွားမည်ဖြစ်သည်။ Service Installation အနေဖြင့် RAID Controller Installation and Utility Setup from Management CD၊ Active Directory (AD)၊ DNS၊DHCP Server နှင့် WINS တို့အပြင် အခြားသော Add on Installation များကိုလည်း ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းကာလ – ဖေဖော်ဝါရီလ (၂၇) ရက်
သင်တန်းအချိန် – နေ့လည် ၁:ဝ၀ နာရီ မှ ၅:ဝ၀ နာရီအထိ
သင်တန်းကြေး – ၅၀ဝ၀ (ငါးထောင်ကျပ်တိတိ)
MCPA Member – ၃၀ဝ၀ (သုံးထောင်ကျပ်တိတိ)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၄)၊ အခန်း (၄)၊ MCPA Lab Room၊ MICT Park၊ လှိုင်မြို့နယ်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ၊ Network ပိုင်းဆိုင်ရာ လေ့လာနေသူ များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး ဖေဖော်ဝါရီလ (၂၆) ရက် ညနေ (၄:ဝ၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၁၅) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀ဝ သို့ဆက်သွယ်စုံစမ်း နိုင်သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *