News

Galaxy Mega 6.3″နှင့် 5.8″ ဇူလိုင်လဆန်း ရောင်းမည်ဟု သိရ

Galaxy Mega

 

Samsungမှ အသစ် ထုတ်လုပ်သည့် Samsung Galaxy Mega ဖုန်းကို ကုမ္ပဏီမှ လာမည့် အပတ်တွင် တရားဝင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ စတင် ရောင်းချမည့် အချိန်တွင် ယခင် ရောင်းချပေးခဲ့သည့် Samsung S4ကဲ့သို့ ရောင်းချမည့် ဖုန်းအလုံးရေကို ထုတ်ပြန် ကြေညာမည် မဟုတ်ပဲ Samsung Showroom များနှင့် တစ်ဆင့် ရောင်းချသည့် ဆိုင်တိုင်းတွင် တစ်နှစ် အာမခံချက် ရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖုန်းကို ကိုရီးယား နိုင်ငံတွင် ဧပြီလ ၁ရက်နေ့မှ စတင် ရောင်းချခဲ့ပြီး လက်ရှိတွင် ပြည်တွင်း ဈေးကွက်၌ ဇွန်လဆန်းပိုင်းမှ စတင်ကာ အချို့ ဖုန်းဆိုင်များတွင် တင်သွင်း ရောင်းချနေသော်လည်း Samsung မြန်မာပြည်ရုံးချုပ်က ဇွန်လ ၂၅ရက်နေ့တွင်မှ တရားဝင် စတင် မိတ်ဆက်ခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ ဈေးကွက် အတွင်း၌ Samsung Galaxy Mega (6.3″)ကို ကျပ် ၄၇၀,၀၀၀ဝန်းကျင်ဖြင့် လည်းကောင်း၊ Samsung Galaxy Mega(5.8″)ကို ကျပ် ၃၇၀,၀၀၀ဝန်းကျင်ဖြင့် လည်းကောင်း၊ ရောင်းချပေးသွားရန် ခန့်မှန်းထားကြောင်း သိရသည်။

သို့ရာတွင် အမေရိကန် ဒေါ်လာဈေး အပြောင်းအလဲကြောင့် ဈေးနှုန်း အတက်အကျရှိနိုင်ကြောင်း၊ အဆိုပါ ဖုန်းများကို Samsung S4ကဲ့သို့ နည်းပညာများ အစုံအလင် ထည့်သွင်းထားပြီး Samsung Galaxy Mega (5.8″) အမျိုးအစား ဖုန်းတွင် ဆင်းမ်ကတ် နှစ်ခုဖြင့် သုံးစွဲနိုင်ပြီး တစ်ပြိုင်တည်း သုံးစွဲနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “Galaxy Mega 6.3″နှင့် 5.8″ ဇူလိုင်လဆန်း ရောင်းမည်ဟု သိရ

  1. may thu kyaw says:

    လိုခ်င္လိုက္တာ……..ပိုက္ဆံမရွိဘူး…..

Leave a Reply

Your email address will not be published. Required fields are marked *