Mobile, Review

Microsoft Surface Pro 2 Review

Microsoft က Surface Pro 2 ကို အရင်မော်ဒယ်တွေထက် ပိုမြန်အောင်၊ ဘက်ထရီ သက်တမ်းကြာရှည်အောင် ပြုလုပ်ပေးထား ပါတယ်။ Haswell Processor ကို အဆင့်မြှင့်ပေးထားပြီး Keyboard Cover ကလည်း စွမ်းဆောင်ချက်ပိုမိုပါ၀င်လာပါတယ်။ Surface Pro 2 ဟာ ပါးလွှာတဲ့ အခြားတက်ဘလက်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ထူတယ်လို့ ပြောလို့ရပါတယ်။ Surface Pro 2 ကို ၀ယ်ယူဖို့ စဉ်းစားနေတဲ့သူတွေအတွက် တက်ဘလက် ရဲ့ စွမ်းဆောင်ချက်တွေကို ရေးသားပေးလိုက်ပါတယ်။

Design and Features

Surface Pro 2 ဟာ သူ့အရင်မော်ဒယ်တွေနဲ့ ဒီဇိုင်းပိုင်းမှာ ကွာခြားခြင်းသိပ်မရှိပါဘူး။ အတိုင်းအတာကလည်း အတူတူပဲ ဖြစ်ပါတယ်။ Stand က မတူညီတဲ့ Angle နှစ်ခုကို အသုံးပြုလို့ရလာတဲ့အတွက် အနေအထားအမျိုးမျိုး အသုံးပြုလို့ ရလာပါတယ်။ Surface Pro 2 နဲ့ Surface 2 တို့မှာ တူညီတဲ့ ထိတွေ့ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Resolution ကောင်းမွန်ပြီး ရုပ်ထွက်တွေက တိကျပါတယ်။ Surface တက်ဘလက် တွေ ရဲ့ ကောင်းမွန်တဲ့အချက်က ထိတွေ့မျက်နှာပြင်ကို ကာကွယ်ထားတဲ့ ကာဗာကို ကီးဘုတ် အနေနဲ့ အသုံးပြုလို့ရတာဖြစ်ပါတယ်။ ကီးလေးတွေက အလွန်ပြားပြားချပ်ချပ် ရှိပါတယ်။ ကာဗာကီးဘုတ်မှာ Touchpad ပါရှိပြီး သေးငယ်ပေမယ့် တုန့်ပြန်မှုအားကောင်းပါတယ်။ ထိတွေ့အသုံးပြုရတာ အလွန်ကောင်းမွန်ပါတယ်။

Surface Pro 2 မှာ ၁၀.၆ လက်မ အရွယ် မျက်နှာပြင် တပ်ဆင်ထားပြီး Resolution မှာ 1920×1080 Pixels ဖြစ်ပါတယ်။ Surface Pro 2 ရဲ့ မျက်နှာပြင် ဟာ Clear Type Full HD Display ဖြစ်တယ်လို့ Microsoft က ပြောပါတယ်။ Sony Vaio Tap 11 နဲ့ ယှဉ်ကြည့်ရင် Surface Pro 2 ဟာ ပိုမိုတောက်ပပါတယ်။

Audio ပိုင်းမှာလည်း Surface Pro 2 ဟာ အလွန်ကောင်းမွန်ပါတယ်။ Microsoft က Full Stereo Sound ကို ခံစားနိုင်မယ်လို့ ပြောပါတယ်။ Surface Pro 2 ရဲ့ စပီကာက ထွက်တဲ့ အသံအရည်အသွေးက ကြည်လင်ပြတ်သားပါတယ်။ တက်ဘလက် တစ်လုံးအတွက်အလွန်ကောင်းမွန်တဲ့ အသံအရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်။

Connection, Performance and Battery

Surface Pro 2 ရဲ့ ဘယ်ဘက်မှာ USB 3.0 Port, Headphone/Microphone Combo Jack တို့ပါရှိပါတယ်။ ညာဘက်မှာ Mini Display Port, MicroSD Card Slot တို့ပါရှိပါတယ်။ ကီးဘုတ်ကာဗာ နဲ့ ချိတ်ဆက်ဖို့ သံလိုက်ချိတ်ဆက်မှု ပါရှိပါတယ်။ Stand ကိုတော့ အနောက်ဘက်အလယ်မှာ ထားရှိထားပါတယ်။

Intel ရဲ့ စတုတ္ထမြောက်မျိုးဆက် 1.6GHz Intel Core i5-4200U Processor, 4GB RAM, 128GB SSD တပ်ဆင်ထားတဲ့အတွက် စွမ်းဆောင်ရည် လွန်စွာကောင်းမွန်ပါတယ်။ Browser Tab တွေအများကြီးဖွင့်ပြီး အင်တာနက် အသုံးပြုတဲ့အခါမှာလည်း အလွန်ကောင်းမွန်တာတွေ့ရပါတယ်။ လေးလံမှု မရှိပါဘူး။ ဖိုင်တွေကူးပြောင်းကြည့်တဲ့အခါမှာ မီဒီယာ နဲ့ အခြားဖိုင်တွေပါရှိတဲ့ 4.97GB ဖိုင်ကို ၃၃ စက္ကန့်နဲ့ ကူးပြောင်းနိုင်ပါတယ်။

Surface Pro 2 ဟာ သူ့အရင် မျိုးဆက်တွေထက် ဘက်ထရီသက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။ ဝိုင်ဖိုင်ကနေအင်တာနက် အသုံးပြုကြည့်တဲ့အခါမှာ ရှစ်နာရီ ကြာ အသုံးခံပါတယ်။ သူ့အရင် မျိုးဆက်ထက် နှစ်ဆ အသုံးခံတာတွေ့ရပါတယ်။

ကင်မရာ

Surface Pro 2 ရဲ့ ကင်မရာ က သူ့အရင်မျိုးဆက်တွေလိုပဲ သိပ်မကောင်းတာ တွေ့ရပါတယ်။ အနောက်ဘက်မှာ 1 Megapixel Camera တပ်ဆင်ထားပြီး 720p အရည်အသွေးပဲ ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ အရည်အသွေးက အလယ်အလတ်လောက်သာရှိပါတယ်။ ဒါပေမယ့် တက်ဘလက် ကို ဓာတ်ပုံရိုက်ဖို့ အသုံးမပြုကြတဲ့အတွက် ပြဿနာ မရှိပါဘူး။

မျက်နှာချင်းဆိုင်မှာလည်း 1 Megapixel Camera တပ်ဆင်ထားပါတယ်။ ကိုယ်တိုင်ရိုက်ဓာတ်ပုံရိုက်ကြည့်တဲ့အခါမှာသိပ်ပြီး ကြည်လင်ပြတ်သားမှု မရှိပါဘူး။

အနောက်ဘက်ကင်မရာနဲ့ ဗီဒီယိုရိုက်ကူးကြည့်တဲ့အခါမှာလည်း သိပ်မကောင်းတာတွေ့ရပါတယ်။ Windows 8.1 Camera App ကတော့ ပိုမိုကောင်းမွန်လာတာကိုတွေ့ရပါတယ်။

နိဂုံး

Surface Pro 2 ဟာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ တက်ဘလက် ဖြစ်ပါတယ်။ သူ့အရင်မျိုးဆက်တွေထက်လည်း အဖက်ဖက်မှာ သာလွန်ပါတယ်။ လျှင်မြန်ပြီးဘက်ထရီသက်တမ်း ကြာရှည်အသုံးခံပါတယ်။ သူ့အရင်မျိုးဆက်ထက် ဘက်ထရီသက်တမ်းနှစ်ဆပို အသုံးခံပါတယ်။ မကောင်းတဲ့အချက်က ဒီဇိုင်းဖြစ်ပြီး ထူးခြားဆန်းသစ်မှုမရှိဘဲ ခေတ်နောက်ကျတဲ့ပုံပေါ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *