Apps

အန်းဒရွိုက်အတွက် နောက်ဆုံးထွက် YouTube App

မြန်မာအိုင်စီတီပရိသတ်ကြီးအတွက် အန်းဒရွိုက် Deviceတွေမှာ Runနိုင်မယ့် YouTubeရဲ့ နောက်ဆုံးထွက်ဗားရှင်း 5.0.21ကို တင်ဆက်ပေးလိုက်ပါတယ်။ မနေ့ကမှ ထွက်ခဲ့တာဖြစ်ပြီး ဖိုင်အရွယ်အစား 6.4MB ရှိတဲ့ အခမဲ့ရယူနိုင်တဲ့ Latest Version YouTube Appလေး ဖြစ်ပါတယ်။ သင့်ရဲ့ Subscriptionတွေ၊ Feedတွေကို ပိုမိုမြန်ဆန် သွက်လက်စေဖို့ ဖန်တီးပေးထားတဲ့ အပြင် Playbackလုပ်နေရင်း Video Suggestionပေးနိုင်မယ့် Featureအသစ် တွေလည်း ပါ၀င်လာပါတယ်။ အရင်က ထွက်ရှိခဲ့တဲ့ ဗားရှင်းတွေရဲ့ ချို့ယွင်းချက်တွေကို ပြင်ဆင်ထားပြီး ပိုမို Stableဖြစ်လာတယ်လို့ လည်းသိရပါတယ်။ ဒီ Appဟာ တရား၀င်ဖြန့်ချိ ထားတာ ဖြစ်ပြီး Google PlayStoreမှာ ရယူနိုင်တဲ့အပြင် ဒီနေရာ မှာလည်း အခမဲ့ အလွယ်တကူ ရရှိနိုင်ပါတယ်။ YouTubeရဲ့ ပုံမှန် လုပ်ဆောင်ချက်တွေနဲ့ Playlistတွေ၊ Channelတွေ ကြည့်တာ၊ ဗီဒီယိုတွေ တင်တာ၊ အကောင့် Settingsပြောင်းလဲတာ၊ Android Deviceကနေ TVပေါ်ကို Runပြီး ရုပ်ရှင်ကြည့်တာ၊ သင့်ရဲ့ YouTube TVကို Android Deviceနဲ့ ထိန်းကျောင်းတာ စတဲ့ Featureတွေလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *