News

Apple မှ ထုတ်သော Apps ထက်ပိုကောင်းသည့် iOSသုံး ဆင်တူ Appsများ

iPhone အသုံးပြုသူတွေအနေနဲ့ အကောင်းစား Applications များကို စုံစုံလင်လင် အသုံးပြုနိုင်ခြင်းဟာလည်း Apple Customer တွေအတွက် ဂုဏ်တစ်မျိုးပဲ ဖြစ်ပါတယ်။ App Store မှာလည်း လူကြိုက်များပြီး အလွန်အသုံးတည့်တဲ့ Apps ပေါင်းများစွာကို တရားဝင်ဝယ်ယူအသုံးပြုနိုင်ပါတယ်။ Apple ကထုတ်တဲ့ Apps တိုင်းဟာလည်း နာမည်ကျော်ကြားပြီး User များကို စိတ်ကျေနပ်မှု ပေးစွမ်းခဲ့တာ အစဥ်အလာတစ်ခုပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် အခုတင်ပြပေးမယ့် သတင်းကတော့ Apple က ထုတ်တဲ့ iOS Apps တွေနဲ့ အခြားက ထုတ်တဲ့ iOS Apps တွေရဲ့ ကွာခြားချက်များကို တင်ပြပေးထားတာပဲ ဖြစ်ပါတယ်။

နံပါတ်တစ်အနေနဲ့ကတော့ လတ်တစ်လောထွက်ရှိထားတဲ့ Maps အကြောင်းပဲဖြစ်ပါတယ်။ Google က ထုတ်တဲ့ Google Maps ဟာ Apple ရဲ့ Apple Maps ထက် ပိုမိုမြန်ဆန်စွာ စွမ်းဆောင်နိုင်ပါတယ်။ လှပတဲ့ ဒီဇိုင်းပုံစံ၊ function စုံလင်ခြင်း၊ Offline အသုံးပြုနိုင်ခြင်းစသည်တို့ဟာ အဆိုပါ Map ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း iOS user တွေအနေနဲ့ လက်ရှိမှာ Google Maps ကို အသုံးများနေခြင်းပဲ ဖြစ်ပါတယ်။ App Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။

 

 

ထို့ပြင် Apple’s Mail ကိုအသုံးပြုမယ့်အစား Mailbo× ကို အသုံးပြုသင့်ပါတယ်။ အဆိုပါ Mailbo× မှာ ‘Later’ ဆိုတဲ့ Option ဟာ သုံးစွဲသူများနှစ်သက်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ‘Later’ ဆိုတဲ့ button ကို နှိပ်လိုက်ရင် Email အဟောင်းတွေအစား နောက်ဆုံးဝင်ထားတဲ့ Email တွေကို တန်းစီမြင်ရမယ့် သင့်ရဲ့ Inbo× ထိပ်ဆုံးကို ရောက်သွားမှာပဲ ဖြစ်ပါတယ်။ App Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။

 

 

iOS တွေမှာ ပါဝင်လာပြီးသား Note အစား Evernote ကို အသုံးပြုသင့်ပါတယ်။ အဆိုပါ Evernote ဟာ Note တွေရေးမှတ်ရာမှာ ရိုးရှင်းလွယ်ကူပြီး iPhone, iPad တွေမှာ အထူးသင့်လျော်ပြီး Web နဲ့ချိတ်ဆက်ရာမှာ လျင်မြန်တာကိုလည်း တွေ့ရှိရပါတယ်။ App Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။

 

 

Phone တိုင်းသုံးတဲ့ ‘Contact’ App အစား ‘Brewster’ ကို သုံးသင့်ပါတယ်။ သင့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု စသူတို့ကို ဖုန်းနံပါတ်၊ နာမည်၊ Social Site နဲ့ တကွ ဓာတ်ပုံလေးတွေနဲ့ပါ လှလှပပ ဝေဝေဆာဆာ ဒီဇိုင်းပုံဆန်းဆန်းနဲ့ Function စုံစုံ အသုံးပြုနိုင်ပါတယ်။ သူလည်း အခမဲ့ပဲ ဖြစ်ပါတယ်။

 

 

Phone တိုင်းသုံးတဲ့ Message အစား GroupMe App ကို အသုံးပြုသင့်ပါတယ်။ App မရှိတဲ့ iPhone User တွေကိုပါ Te×t Message တွေ ပေးပို့နိုင်ပါတယ်။ Online ရော၊ Offline ပါ အသုံးပြုနိုင်ပြီး Smart ကျတဲ့ Free Application တစ်ခုပဲ ဖြစ်ပါတယ်။

 

 

Apple ရဲ့ Safari အစား Google က ထုတ်တဲ့ Chrome ကို အသုံးပြုသင့်ပါတယ်။ Chrome ဟာ လက်ရှိအချိန်မှာတော့ Browsing Speed ထိပ်တန်းအဆင့်မှာ ရှိနေပြီး Memory လည်းအများကြီး မလိုအပ်ပါဘူး။ Touch Screen မှာ Chrome သုံးရတဲ့ အရသာဟာလည်း Desktop မှာ သုံးတဲ့ အရသာထက်အများကြီး ကွာခြားတာကို တွေ့ရှိရပါတယ်။

 

 

အသံနဲ့ ထိန်းချုပ်တဲ့ Function တွေနေရာမှာ Google Voice ကတော့ တကယ်ကို ကောင်းမွန်တဲ့ Free App တစ်ခုပဲ ဖြစ်ပါတယ်။ Voicemail တွေကို Te×t ပြောင်းတဲ့နေရာမှာရော Voice နဲ့ ထိန်းချုပ်ပြီး Phone Call ခေါ်တာတွေမှာပါ Google Voice က အဆင်ပြေပြေ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

 

 

Voice Memos နေရာမှာလည်း Audio Memos ကို အစားထိုး သုံးနိုင်ပါသေးတယ်။ Apple ရဲ့ Voice Memos app ဟာတော်တော်လည်း အားနည်းတာကိုတွေ့ရှိရပါတယ်။ Recording ကြာကြာလုပ်ထားတဲ့ အရာတွေကို Email ပို့လို့မရပါဘူး။ အချို့နိုင်ငံတွေမှာ Cloud Service မရတဲ့အပြင် Format ကိုလည်း ရွေးချယ်နိုင်ခြင်း မရှိပါဘူး။ ဒါတွေကိုဖြေရှင်းဖို့ Audio Memos App ကို Store မှာ 1.99 $ နဲ့ ရယူသုံးစွဲ နိုင်ပါတယ်။

 

 

 

Ref : http://www.businessinsider.com/these-apps-are-better-than-apples-2013-7?op=1

 

Leave a Reply

Your email address will not be published. Required fields are marked *