News

ရန်ကုန်တက္ကသိုလ်နှင့်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာတက္ကသိုလ်များပိုမိုကမ်းလှမ်းလာ

ရန်ကုန်တက္ကသိုလ် နှင့်ပူးပေါင်းဆောင်ရွက်ရန် လာရောက်ကမ်းလှမ်းထားသော နိုင်ငံတကာ တက္ကသိုလ်များ တိုးလာနေကြောင်း သိရသည်။ ယင်းတက္ကသိုလ်များမှာ ပြင်သစ်နိုင်ငံမှ Toulouse University, တရုတ်နိုင်ငံ မှ Guangxi University, ကိုးရီးယားနိုင်ငံမှ Hanyang University တို့ဖြစ်ကာ MoU လက်မှတ်ရေးထိုး နိုင်ရန် အတွက် အဆင့်မြင့် ပညာဦးစီးငှာန သို့ခွင့်ပြုချက်တင်ပြတောင်းခံထားကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာငှာန မှတာ၀န်ရှိ သူတစ်ဦးကပြောသည်။

“အများဆုံးလာတာတော့ ထိုင်းတက္ကသိုလ်တွေကလာကြတာ များတယ်။ သူတို့ကလက်ချာတွေ ပေးစေချင်လို့ ပေးခိုင်းတာတွေ ရှိတယ်။ ရန်ကုန်တက္ကသိုလ် သမိုင်းကြောင်းတွေ ပို့ချစေချင်လို့လာတာတွေလည်း ရှိတယ်။ လာကြတာတော့ပုံစံ အမျိုးမျိုးနဲ့လာကြတယ်။ ဆရာတို့ကလည်း သူတို့နဲ့သုတေသန ဆိုင်ရာတွေပူးပေါင်းဆောင်ရွက် ဖို့ရှိတယ်” ဟု၄င်းကထပ်ပြောသည်။

ယင်းသို့နိုင်ငံတကာ တက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက် ရေးအတွက် ရန်ကုန်တက္ကသိုလ် တွင်နိုင်ငံတကာ ဆက်ဆံရေး စင်တာငါးခု ကိုဖွင့်လှစ် ထားရှိဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ အဆင့်မြင့်ပညာဦးစီးငှာန မှ ဒုတိယညွှန်းကြားရေး မှုးဒေါက်တာဇော်မြင့်က “ခွင့်ပြုချက် တင်ထားတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေထဲ မှာခွင်ပြုပေး လို့ရနိုင်တဲ့တက္ကသိုလ် တွေလည်းပါ၀င်ပါတယ်။ ဘယ်တော့ ခွင့်ပြုပေးနိုင်မလဲတော့ အတိအကျ မပြောနိုင်သေးပါဘူး “ ဟုဆိုသည်။

လက်ရှိတွင်ရန်ကုန်တက္ကသိုလ်နှင့်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးသော နိုင်ငံတကာ တက္ကသိုလ်များမှာ ထိုင်းနိုင်ငံမှ THEP Satri Rajabhat University, ကိုးရီးယားနိုင်ငံမှ Hankuk University of Foreign Studies, ဂျပန် နိုင်ငံမှ Nagoya University နှင့် အာဆီယံ ယူနီဗာစီတီ နက်၀ပ်ခ် အရှေ့တောင်အာရှ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (AUN\ SEED- Net Phase III)Australia National University တို့ဖြစ်ကြောင်းသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *