News

တိုင်းရင်းသားရိုးရာဓလေ့များကိုတိုင်းရင်းသား ကျေးရွာတွင်လက်တွေ့သရုပ်ဖေါ်တင်ဆက် ရန်စီစဉ်

တိုင်ရင်းသားများ၏ ရိုးရာဓလေ့များကို လက်တွေ့သရုပ်ဖော်တင်ဆက်မည့် အစီအစဉ်များမကြာမီလုပ် ဆောင်သွားမည် ဖြစ်ကြောင်းတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)မှ သိရသည်။ အဆိုပါ အစီအစဉ် ကိုတိုင်ရင်းသား ကျေးရွာ သို့လာရောက်သည့် ကမ္ဘာလှည့် ခရီးသွား Package Tour များလာရောက်ကြသည့် အချိန်မျိုးတွင် ယင်းသို့တင် ဆက်ပြသသွားမည် ဖြစ်ကြောင်း တိုင်ရင်းသားကျေးရွာမှလက်ထောက် ညွှန်ကြားရေးမှုး ဒေါ်သဇင်ကပြောသည်။

ယင်းသို့ သရုပ်ဖေါ် တင်ဆက်ရာတွင် တိုင်းရင်းသားများ နှင့် ပတ်သက်သောလူမျိုးများ၊ပြည်နယ်ဒေသ အကျယ်အ၀န်းများ၊ထင်ရှားသော နေရာ အလေ့အထများကို Power Point ဖြင့်ရှင်းလင်းပေးမည် ဖြစ်ပြီး ရိုးရာ ရက်ကန်းရက်လုပ်ခြင်းအစ ရှိသည့် တိုင်းရင်းသား ရိုးရာဓလေ့ များကိုလည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟုသိရသည်။

တိုင်းရင်းသားကျေးရွာမှ ဒုဦးစီးမှုး ဒေါ်ဇာခြည်ထွေးက”ကျေးရွာအတွင်း မှာလည်းရက်ကန်းခတ်တာကိုလက်တွေ့သရုပ်ပြ ပေးမှာဖြစ်ပါတယ်။ ရက်ကန်းစင် ကတော့ရခိုင်အိမ်မှာ ရှိပါတယ်။ အသင့် ရက်ပြနိုင်အောင် ချည်တွေတပ်ဆင် ထားပါတယ်” ဟုပြောသည်။

ထိုသို့သရုပ်ပြကွက်များပြင် တိုင်ရင်းသားရိုးရာအကများဖြင့် အပတ်စဉ်ဖျော်ဖြေကြောင်း နှင့် ရိုးရာအကများဖြင့် ဖျော်ဖြေနိုင်ရန် ယဉ်ကျေးမှု တက္ကသိုလ်မှအကနည်းပြများ အားဖိတ်ခေါ်သင်ကြားမည်ဟုဆိုသည်။

တိုင်းရင်းသား ကျေးရွာတွင် မြန်မာနိုင်ငံ၌ နေထိုင်သောတိုင်းရင်းသားရှစ်မျိုး၏ ကျေးရွာနှင့်အထိမ်းအမှတ်သင်္ကေတများ အထင်ကရနေရာများကို ပုံစံငယ်များပြုလုပ်ပြသထားကြောင်း နှင့် နန်းမြင့်မျှော်စင် တိုင်းရင်းသားပြတိုက်တွင် ဒေသအလိုက် တိုင်ရင်းသားများ ရာသီအလိုက်ပွဲတော်များ အားပြသထားကြောင်းသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *