News

ရန်ကုန်တက္ကသိုလ်တက်ရန် ပုံမှန်ဝင်ခွင့် လျှောက်ထားသည့်အတိုင်း လျှောက်နိုင်

Yangon University

ရန်ကုန်တက္ကသိုလ် ပုံမှန်သင်တန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ရာ နည်းပညာတက္ကသိုလ်ကဲ့သို့ တိုက်ရိုက်လျှောက်ထားရန် မလိုဘဲ ပုံမှန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသည့်အတိုင်းသာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက “တက္ကသိုလ်ဝင်လျှောက်တဲ့အတိုင်းသာ လျှောက်ရမှာပါ။ ဘာမှ ထူးချွန်ပြီး မလုပ်ထားဘူး။ သတ်သတ်ကြီး လျှောက်ရမယ်ဆိုတာ မဟုတ်ပါဘူး။ တက္ကသိုလ်ဝင် လမ်းညွှန်စာအုပ်ထွက်ပါလိမ့်မယ်။ အဲဒီမှာ ပါတဲ့အတိုင်း လျှောက်ရမှာပါ။ တချို့တက္ကသိုလ် ကောလိပ်တွေကတော့ သတ်သတ်လျှောက်ရတာ ရှိပါတယ်”ဟု ပြောသည်။

ယခင်က ရန်ကုန်တက္ကသိုလ် (ပင်မ)အား ဒီပလိုမာ သင်တန်းများနှင့် ဘွဲ့လွန်ဂုဏ်ထူးတန်းများသာ သင်ကြားပေးရာမှ ယခု ပညာသင်နှစ်မှစ၍ ပုံမှန် သင်တန်းများ စတင် ဖွင့်လှစ်တော့မည် ဖြစ်ပြီး နည်းပညာတက္ကသိုလ်၊ စစ်တက္ကသိုလ်များနှင့် အချို့ဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များမှာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသည့် (သထုံလမ်း)အတိုင်း မဟုတ်ပဲ သီးသန့် လျှောက်ထားရမည် ဖြစ်ပါသည်။

သတ်မှတ်ချက်များ အနေဖြင့် သိပ္ပံဘာသာရပ် ခုနှစ်ခုက စုစုပေါင်း ၇မှတ် ၄၉၀၊ နိုင်ငံတကာ ဆံဆက်ရေး၊ ဥပဒေပညာ၊ နိုင်ငံရေးသိပ္ပံ၊ မြန်မာစာက စုစုပေါင်း ၄၇၀မှတ်၊ ကွန်ပျူတာသိပ္ပံက ရမှတ်ပေါင်း ၄၈၀မှတ်၊ ပထဝီ၊ သမိုင်း ဆိုသည့် ဝိဇ္ဇာဘာသာများက ၄၃၀မှတ်၊ အင်္ဂလိပ်စာက အမြင့်ဆုံးဖြစ်ပြီး၊ စုစုပေါင်း ၅၀၀မှတ် သတ်မှတ်ထားကြောင်း ထူးချွန်ကျောင်းသားများအတွက် သီးသန့် ၁၅ဦး အနေဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် တက်ရောက်မည့် နယ်မှ ကျောင်းသားများအား အဆောင်များ နေထိုင်ရန် အဆင်ပြေပါက အဆောင်ပေးနေခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် မည်သည့်ဘာသာရပ်မျိုးဖြင့် အောင်မြင်သည်ဖြစ်စေ၊ ဘာသာတွဲများမှ ရမှတ်အပေါ် အခြေခံကာ သတ်မှတ်ချက်များနှင့် အညီ ဝင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “ရန်ကုန်တက္ကသိုလ်တက်ရန် ပုံမှန်ဝင်ခွင့် လျှောက်ထားသည့်အတိုင်း လျှောက်နိုင်

  1. Myo Thiha says:

    ကောင်းလာတဲ့ပညာရေး စနစ်လို့ ဆိုရမလားတော့ မသိဘူး။ကိုယ်တွေ ခေတ်ကတော့ ဒီလို တွေ မလုပ်ပေးထားတာတော့ အမှန်ပဲ။ဒီတော့ ပညာရေးကို ပြန်လည်သက်ဝင်လာနိုင်တာတော့ကောင်းတဲ့အကြောင်းအရာတစ်ခုပါ။ဒီထက်ပိုပြီး ကောင်းလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *