News

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်ရေတာတမံ ၁၆ခုတည်ဆောက်မည်

ဧရာ၀တီမြစ်ကြောင်း တစ်လျှောက် ရေမျက်နှာပြင်ထိန်းချုပ်စနစ်သုံး ရေတာတမံ (Low Head Dam) ၁၆ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်ရှိ ကချင်ပြည်နယ်တွင် ငါးခု၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း နှင့်မကွေးတိုင်းဒေသကြီးတို့တွင် သုံးခုစီအပါအ၀င် ပဲခူးတိုင်းဒေသတွင်တစ်ခုနှင့်ဧရာတီတိုင်းဒေသကြီးတွင်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည်ဟုဆိုသည်။

ပို့ဆောင်ရေး၀န်ကြီးငှာန ပြည်ထောင်စု၀န်ကြီးဦးဉာဏ်ထွန်းအောင်က “မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွေမှာ မိုးခေါင်ရေရှားမှုကင်းဝေးစေဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ကိုတင်ပြပြီးသွားပါပြီ” ဟုပြောသည်။ အဆိုပါရေတာတမံများတည်ဆောက်မှုမှာ တာတမံတစ်ခုလျှင် ယူရိုငွေသန်း ၂၅၀နှင့် ၃၀၀အကြားကုန်ကျမည်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသများတွင် တည်ဆောက်မည့်ရေတာတမံများအတွက် နိုင်ငံတကာချေးငွေများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စု၀န်ကြီးက “မြန်မာနိုင်ငံအလယ်ပိုင်းမှာရေတာတမံလေးခု လုပ်သွားမယ်။ အဲဒါကိုတော့ နိုင်ငံတကာ ချေးငွေတွေနဲ့လုပ်မယ်။ ရေတာတမံတွေကနေ လျှပ်စစ်ထုတ်သွားမယ်” ဟုထပ်မံပြောသည်။ ယင်းရေတာတမံ စီမံကိန်းများအနက် ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရန္တပို တာတမံကိုဦးစား ပေးတည်ဆောက် သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး၀န်ကြီးငှာန ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေး ဦးစီးငှာန မှညွှန်ကြားရေးမှုးချုပ်က ပြောသည်။

ညွှန်ကြားရေးမှုးချုပ်က “မြန်မာနိုင်ငံအလယ်ပိုင်း မှာရေတာတမံလေးခု လုပ်ဆောင်ဖို့ ရှိပါတယ်။ အကုန်လုံး ပြည်သူတွေကိုချပြသွားမှာပါ”ဟုပြောသည်။ ဧရာတီမြစ်ကြောင်းတစ်လျှောက် တည်ဆောက်မည့် ရေတာတမံများတွင် ဦးစားပေးအနေဖြင့် မြစ်ကြောင်းတစ်လျှောက်ရှိ ရန္တပို၊ လမ်းရွာ၊ မင်းလှနှင့် ရုံးဆိပ် နေရာများတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *