Apps, Lifestyle, News, Review

နောက်ဆုံးထွက် နိုင်ငံခြားရုပ်ရှင်များနဲ့ TV Showများကို ကြည့်နိုင်မယ့် Popcorn Time

နောက်ဆုံးထွက် နိုင်ငံခြားရုပ်ရှင်များနဲ့ TV Showများကို ကြည့်နိုင်မယ့် Popcorn Time

အင်တာနက်မှာ Hollywood ရုပ်ရှင်များနဲ့ TV Showများကို ရှာဖွေကြည့်ရှုဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုရင် သက်ဆိုင်ရာ ရုပ်ရှင်အစည်းအရုံးရဲ့ တင်းကျပ်တဲ့ တားမြစ်မှုတွေ ရှိနေပါတယ်။ Cloud ၀န်ဆောင်မှုများမှာလည်း ရုပ်ရှင်တွေကို Uploadလုပ်ပြီး ပြန်လည်မျှဝေဖို့ မလွယ်ကူပါဘူး။ အဲဒီဖိုင်တွေကို ဖျက်ပစ်ကြပါတယ်။ အဖွဲ့အစည်းများ လက်လှမ်းမမီတဲ့ နိုင်ငံအချို့ရဲ့ ၀က်ဆိုက်များမှာသာ ရုပ်ရှင်တွေကို ပြန်လည်မျှဝေနေတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီ၀က်ဆိုက်တွေမှာလည်း ရုပ်ရှင်အနည်းငယ်သာ တွေ့ရှိပါတယ်။ နောက်ဆုံးထွက် Hollywoodရုပ်ရှင်တွေနဲ့ TV Showတွေကို အသစ်ထွက်တိုင်း ကြည့်ချင်ရင်တော့ Torrent၀က်ဆိုက်တွေမှာ ရှာဖွေနိုင်ပါတယ်။ Torrentရဲ့ သဘောက အင်တာနက်မှာ ရုပ်ရှင်တွေ Uploadလုပ်ပြီး ပြန်လည်မျှဝေတာမဟုတ်ဘဲ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပြူတာ အသုံးပြုသူများကြားမှာ ဖိုင်တွေ တိုက်ရိုက် မျှဝေနေကြတာ ဖြစ်ပါတယ်။ အင်တာနက်မှာ တင်တာ မဟုတ်တဲ့အတွက်ဖိုင်တွေကို သက်ဆိုင်ရာက ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ အဲဒီ ရုပ်ရှင်တွေနဲ့ TV Showများကို Torrent၀က်ဆိုက်တွေကနေ ဒေါင်းလုပ်ရယူနိုင်ဖို့ UTorrentလို Downloaderကို အသုံးပြုရပါတယ်။ Torrentမှ ရုပ်ရှင်နဲ့ TV Showတွေကို ဒေါင်းလုပ် မချဘဲ ကြည့်ချင်ရင် Popcorn Timeဆိုတဲ့ Open-Source ၀န်ဆောင်မှုကို သုံးနိုင်ပါတယ်။

Popcorn Timeက ထွက်ရှိတာ မကြာသေးဘဲ စတင်ထွက်ရှိစဉ်က Torrentမှ ရုပ်ရှင်များကိုသာ ထုတ်လွှင့်ပေးနိုင်တာဖြစ်ပြီး Desktop Programကိုသာ ထုတ်လုပ်ပေးထားတာပါ။ အခုတော့ TV Showများကိုပါ ထုတ်လွှင့်ပေးနိုင်ပါပြီ။ ဒါ့အပြင် Android Appကိုလည်း ဖြန့်ချီပေးလိုက်ပါပြီ။

Popcorn Timeဟာ အထက်ပါ ကြေညာချက်နှစ်ခုကို ၁၃ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပြီး ၀န်ဆောင်မှုကို စတင်ခဲ့တဲ့ လအနည်းငယ်အကြာမှ ယခုလက်ရှိအချိန်အတွင်းမှာ မြင်တွေ့ရတဲ့ တိုးတက်ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပါတယ်။ Popcorn Timeကို တည်ထောင်သူအဖွဲ့ဟာ Privacy ညိစွန်းမှုကြောင့် ပိတ်သိမ်းခဲ့ရပါသေးတယ်။ အခုအခါမှာတော့ TV Show Menu, Bookmarksနဲ့ ဒီဇိုင်းအသစ်ကို Desktopမှာ ထည့်သွင်းနိုင်ပြီဖြစ်သလို Android Appကိုလည်း ဖြန့်ချိနိုင်ပါပြီ။

Googleက အသိညာဏဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် Appကို Google Play Storeမှ ဖယ်ရှားလိုက်ပြီလို့ TechCrunchက သတင်းပေးထားပါတယ်။ ဒါပေမယ့် Popcorn Time ၀က်ဆိုက်ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Desktop Playerအသစ်ကို စမ်းသုံးကြည့်တဲ့အခါမှာ လျှင်မြန်လာတာ တွေ့ရသလို User Interfaceကလည်း စီမံခန့်ခွဲလို့ ပိုမို ကောင်းမွန်လာတာ တွေ့ရပါတယ်။

Popcorn Timeကို Android, Windows, Mac, Linux တို့မှာ အသုံးပြုနိုင်ပြီး အောက်က လင့်ကနေ ဒေါင်းလုပ်ရယူပါ။

Download Popcorn Time

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *